Only You Part-2

40 2 0
                                    

Part(2)zawgyi

ဒီနေ့အမDaraကို...ပြောစရာရှိလို့ဆိုပြီး...ချိန်းလိုက်တယ် ...

ဟိုဘက်ကလည်း...okတယ်ဆိုတော့----ကျွန်တော်လည်း

အဝတ်အစားလဲပြီး...သူမရှိတဲ့နေရာကိုသွားဖို့လုပ်လိုက်တယ်
လေလေးတချွန်ချွန်နဲ့အောက်ထပ်ကို----ဆင်းလာခဲ့တယ်

အောက်ရောက်တော့... ဧည့်ခန်းထဲမှာအမေက... ပန်းအိုးထဲက
ပန်းတွေကိုအလှဆင်ရင်း... ကျွန်တော့်ကိုမြင်တော့

"Jiyong သားလေးဘယ်သွားမလို့လဲ ---ဒီပုံစံဒီဇိုင်းနဲ့ဆိုရင်
တော့...အလုပ်ကိုသွားဖိုတော့မဖြစ်နိုင်ဘူး"

"ဟုတ်တယ်အမေ.... သားချိန်းထားတာရှိလို့ သွားတော့မယ်
နော် ...နောက်ကျနေ မှာဆိုးလို့"

"အေးပါကွယ် ... သားလည်းကားကိုဂရုစိုက်ပြီးမောင်းဦးနော်..."

"ဟုတ်ကဲ့ပါအမေ... သားသွားတော့မယ်နော်"

ကျွန်တော်အမေ့ကိုပြောပြီး----သူမရှိတဲ့နေရာကိုကားမောင်း
ပြီး...ထွက်လာလိုက်တယ် ချိန်းတဲ့နေရာရောက်တော့---ဆိုင်
ထဲကိုတန်းဝင်သွားလိုက်တော့တယ် ဆိုင်ထဲဝင်ဝင်ချင်း...မွှေး
တဲ့အနံ့က.နှာခေါင်းထဲကိုတန်းဝင်လာတာပဲ ဟုတ်သားပဲ...

ကျွန်တော်ပြောဖို့မေ့နေတာ... ကျွန်တော်အခုရောက်နေတဲ့
နေရာက... Victory Coffee Shop ဆိုတဲ့coffeeဆိုင်မှာပါ...

ဒီတော့ကျွန်တော်အခုရနေတဲ့...အနံ့ကလည်း ---ကျိန်းသေ
ပေါက်...coffeeနံ့ပဲပေါ့ ဝန်ခံစရာတစ်ခုရှိတာက...ဒီcoffee
ဆိုင်ကိုအခုမှရောက်ဖူးတာပါ... ဆိုတော့ကဒီဆိုင်ရဲ့coffee
အရသာက...ဘယ်လိုလဲဆိုတာ ကျွန်တော်မသိဘူးပြောချင်တာ
က--အရသာကောင်း မကောင်းဆိုတာပေါ့... ကျွန်တော်ကတော့
ကောင်းမယ်လို့ထင်တယ်

ဒါပေမဲ့လည်း... အနံ့ကတော့တော်တော်လေးကို ဆွဲဆောင်နိုင်
တယ်... ထားပါတော့ coffeeအကြောင်းပြောနေတာနဲ့ပဲ...
လာရင်းကိစ္စကိုမေ့တော့မလို့.... ကျွန်တော်လည်းအမDaraကို
မျက်လုံးဝေ့ပြီး...လိုက်ရှာကြည့်လိုက်တော့ တွေ့ပါပြီ

ထောင့်တစ်ရာမှာထိုင်နေတဲ့သူမ.... ကျွန်တော်လည်းသူမ
အနားကို...လျှောက်သွားလိုက်တယ်

Only You (Completed)Where stories live. Discover now