Only You Part -9

21 2 0
                                    

part(9) zawgyi

အကို yongလေးက... coffeeဆိုင်မှာစောင့်နေဆိုလို့ Riလည်း
ဆိုင်ကိုပဲထွက်လာခဲ့လိုက်တယ်... Riအိမ်ကိုဘာလို့လာမကြို
တာလဲမေးရင်... အိမ်မသိလို့ဘဲပြောရလိမ့်မယ်

ရင်းနှီးလာတာဖြင့်ကြာနေပြီ ...ကိုယ့်မိတ်ဆွေသူငယ်ချင်းရဲ့
အိမ်ကိုတောင်မသိဘူးလားဆိုပြီး ...ခင်ဗျားတို့တွေးမှာပဲနော်...

Riတို့ကတွေ့ရင်တောင်... အပြင်မှာချိန်းရင်ချိန်း မဟုတ်ရင်Ri
coffeeဆိုင်မှာပဲတွေ့ဖြစ်တာများတယ် ဒါကြောင့်အိမ်မသိ
တာလဲမဆန်းပါဘူး...

မိတ်ဆွေတွေဆိုတော့လည်း... ထွေထွေထူးထူးပြောစရာမရှိ...
အလာဘ သလာဘပြောပြီးလမ်းခွဲကျတာများတယ်... တစ်
ယောက်နဲ့တစ်ယောက် စကားအကြာကြီးမပြောဖူးသေးဘူး...

ဒါကလည်း...ကိုယ့်အကြောင်းနဲ့ကိုယ်ဆိုတော့ လည်းအင်းးး
သက်ပြင်းချပြီး... [အကိုနဲ့တစ်ခါလောက်တော့ တွေ့ပြီးစကား
တွေအကြာကြီးပြောချင်တယ် ...တစ်ယောက်အကြောင်းတစ်
ယောက်ပြောပြီး... နားလည်မှုတွေရယူမယ် ... ကုန်ကုန်ပြောရ
မယ်ဆိုရင် ...အကို့ဘဝရဲ့အရင်းနှီးဆုံးသူစိမ်းတစ်ယောက်ဖြစ်
ချင်တယ်... ဖြစ်သမျှအကြောင်းအရာတိုင်းကိုယုံကြည်စွာ...ရင်
ဖွင့်နိုင်တဲ့လူတစ်ယောက်လိုပေါ့]

Riလေ... တခါတလေအကိုyongလေးစိတ်ထဲမှာ ဘာဖြစ်နေလဲ...
ဘာကိုတွေးနေလဲသိချင်မိတယ်. တစ်ချိန်ချိန်ကျတော့လည်း.
ဖြစ်လာမှာပေါ့နော့ ...ဘာတွေးပူစရာလိုသေးလဲ အခုကတော့
သူနဲ့အပြင်သွားဖို့... သူလာခေါ်မှာကိုစောင့်နေရုံပဲရှိတယ်...

Daesung ကတော့ ...seungri ပိတ်ရက်ကိုဆိုင်ကိုလာတယ်ဆို
တော့. ထူးဆန်းနေတယ် ပုံစံကြည့်ရတာတော့----အပြင်သွား
မို့တစ်ယောက်ယောက်ကိုစောင့်နေတယ်ထင်တယ်...

"ဟေ့ Ri---မင်းဒီနေ့offရက်လေ ...ဘာလဲအလုပ်ကြိုးစား
နေတယ်ပေါ့---ပိတ်ရက်တောင်မနားဘဲ--အလုပ်လာတယ်
ဆိုတော့"

Riဖုန်းသုံးနေရင်း .အကိုDaeအသံကြားတော့ ဖုန်းသုံးတာရပ်
လိုက်ပြီး... အကိုDaeနဲ့စကားပြောနေလိုက်တယ်

"မဟုတ်ပါဘူး...အကိုDaeရာ Riအပြင်သွားမလို့ပါ"

"အပြင်သွားမယ်လည်းဆိုသေး--ဘာလို့ဒီကိုရောက်လာ
တာလဲကွ"

Only You (Completed)Wo Geschichten leben. Entdecke jetzt