Only You Part-12

125 9 0
                                    

Part(12)

"မမ...အချစ်ဆိုတဲ့အရာကြီးက... ဘာကြီးလဲ?"

"လူတစ်ယောက်ကိုချစ်နေမိပြီဆိုရင် ...ဘယ်လိုတွေခံစားရလဲ?"

Jiyong မေးတဲ့မေးခွန်းကြောင့်... သူ့အမ ထူးဆန်းလို့နေတယ်...

"အံမယ်... မမ မောင်လေးကထူးထူးဆန်းဆန်း အချစ်ကြောင်း
တွေပါမေးလို့ပါလား... မှန်မှန်ပြောစမ်း ငါ့မောင်လေးက...ဘယ်သူ့
ကိုချစ်နေလို့လဲ..."

"မမရယ်... မေးတာသာဖြေပေးစမ်းပါ... ငါသိချင်လို့ပါ ...ပြီးမှပြောပြ
မယ် ...pls အရေးကြီးလို့ပါ"

"အေးပါ ...အချစ်ဆိုတဲ့အရာကို... အမလည်းသေချာမသိဘူးရယ်...
ဒါမဲ့သူများတွေပြောတာ... ကြားဖူးတာတော့ရှိတယ် ...အချစ်ဆို
တဲ့အရာက... လူတစ်ချို့အတွက်ကျတော့ ပူလောင်တယ် ...အချို့
တွေအတွက်ကျပြန်တော့လည်း... အေးချမ်းမှုကိုဆောင်ကျဉ်း
ပေးတယ်..."

သူ့အမစကားမဆုံးခင်... Jiyongဖြတ်မေးလိုက်တယ်...

"လူတစ်ယောက်ကိုချစ်နေကြောင်း... သေချာတာကရော..."

"ရော် ...မမမောင်လေးရယ်... စိတ်ကြီးဘဲ နေပါဦးမမစကားမဆုံး
သေးဘူးလေ... လာမှာပေါ့"

" 😋😋 ဟီး~ ဟီး ~သိချင်စိတ်လောသွားလို့ပါဟာ ...ဆက်ပြော"

"အင်း ...အချစ်ဆိုတဲ့အရာကြီးကို...မမအမြင်ပြောရမယ်ဆိုရင်...
ကိုယ်လိုချင်သလိုပုံသွင်းလို့ရတဲ့... နူးညံ့တဲ့ဖယောင်းသားလေး
လိုပေါ့ ...လ်ိုသလိုပုံသွင်းလို့ရတယ်"

"မမ... နင်ပေးတဲ့ဥပမာကြီးက... ဘာကြီးလဲ ဘာမှလည်းမဆိုင်ဘူး..."

"ငါလည်းမသိတော့ဘူးဟေ့... စိတ်ထဲရှိရာပြောလိုက်တာပဲ...
ငါလည်းမခံစားဘူးတော့မသိဘူး... အဲ့အချစ်ကပဲ လူတွေကို
ခံစားမှု...အမျိုးမျိုးပေးနေတာတော့သိတယ်... မောင်လေးပဲစဉ်း
စားကြည့်လေ ...သူ့ကြောင့် ပျော်ရွှင်ရတယ် ဝမ်းနည်းရတယ်...
စိတ်ဒုက္ခရောက်ရတယ်... သာယာမှုလည်းရပြန်ရော စုံနေတာ
ပါဘဲ..."

"မမရော ...ချစ်ရမယ့်သူရှိပြီလား?"

"မရှိသေးဘူး...နောက်တော့ရှိလာမှာပေါ့ မောင်လေးရော...တွေ့
နေပြီမလား "

Only You (Completed)Where stories live. Discover now