Only You Part-18

133 11 7
                                    

Jiyong. ဓာတ်ပုံကိုကြည့်ပြီး သူ့ပုံစံက အရူးတစ်ယောက်လိုပဲ … ပျာယာကိုခက်နေတာပဲ

ဒီကိစ္စကို …တစ်ယောက်ယောက် အမြန်ဖြေရှင်းပေးမှ ရမယ့်ကိန်း  …

Jiyong ဖြစ်နေပုံကိုကြည့်ပြီး  ကြိတ်ရယ်နေရတာက Minzy. ဘာလို့ဆို  အဖြစ်အပျက် အကြောင်းစုံငယ်…သူကဘယ်သူလဲကွာ…ဒီဓာတ်ပုံထဲကလူက
ငယ်နဲ့ဘယ်လိုပတ်သက်မှုမျိုးလဲ?

ကိုယ့်ကိုဖြေပါဦးကွာ… ကြည့်ပါဦး ငယ်ကပျော်နေလိုက်တာ ကိုယ့်မှာတော့…ကိုယ့်မှာတော့ကွာ…
တောက်-- ကိုယ်ကငယ်နဲ့ ပတ်သက်ရင် သဝန်တိုတယ်ဆိုတာ မသိရော့လေလား ငယ်ရယ်'

Jiyong မနက်က သူ့အသိတစ်ယောက်ပို့လိုက်တဲ့
ဓာတ်ပုံကြောင့် စိတ်ထဲမယ် အမည်မသိတဲ့ခံစားချက်ပေါင်းများစွာ …

သူ ငယ့်ကိုယုံကြည်တယ် ဟုတ်တယ်ငယ်ကသူ့ကို
ဘယ်တော့မှသစ္စာဖောက်မယ့်အလုပ်မျိုးလုပ်မှာ
မဟုတ်ဘူး…
ကို သူမသိပြီးသား…

မနေ့က coffeeဆိုင်ကိုသွားတော့ Bomနဲ့Riပြောနေ
တာကို…ကြားတယ်လေ

ဒီနေ့ Riရဲ့အကိုလတ် နိုင်ငံခြားကနေ ပြန်ရောက်မယ်လို့…ပြောနေကြတာလေ

Zyနဲ့Riက Bomမိတ်ဆက်ပေးလို့ ခင်သွားကြတာ…
Oppa Jiyong ကစိတ်ပုပ်ကြီး…သူ့ကောင်လေးကို
မိတ်ဆက်ပေးပါဆိုတာကို…ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့နဲ့

သဝန်တိုချက်က 9+  မိတ်ဆက်ပေးတော့ …ဘာဖြစ်မှာကျလို့  သူ့ကောင်လေးကို zyကမသိရင်ဘဲ
ကိုက်စားမှာကျနေတာပဲ…

အေးလေ seungriက oppa Jiyong.… သဝန်တိုလည်း တိုချင်စရာ… ကိုယ်တောင် သူ့ကိုမြင်မြင်ချင်း… သူ့ရဲ့ပါးဖောင်းဖောင်းလေးကို ဆွဲဖျစ်မိတာ

ဒါကိုသိသွားတဲ့ oppa Jiyong က …သူ့ကောင်လေးကို လုပ်ရလားဆိုပြီး ဆူလိုက်တာမှပြောမနေ
နဲ့…  zy မနည်းတောင်းပန်ယူလိုက်ရတယ်…

ဟင့်~~ဟင့် တွေ့မယ် oppa Jiyong ကို ပညာပြန်
ပေးရမယ်… 

ဓာတ်ပုံတစ်ပုံကြောင့်…လောင်နေတဲ့ Jiyong
အခန်းထဲကို Minzyဝင်သွားပြီး…

"Oppa Jiyong …ရုပ်ကဘာဖြစ်နေတာလဲ မသိရင်
အသည်းကွဲသမားကြီးကျလို့…ဘာဖြစ်နေတာလဲ
အဲ့ဒါ…"

Only You (Completed)Where stories live. Discover now