Only You Part-19Uni

136 10 2
                                    

Part -19

Jiyong မနေ့ကကိစ္စကိုစိတ်ထဲမှာ တနုပ်နုပ်နဲ့ မခံသိမခံသာ…ဖြစ်မိတယ်။သူသိချင်တယ် ငယ်…
ဘာလို့သူ့ဖုန်းကို မကိုင်ရတာလဲ… ပုံမှန်ဆို ခေါ်လိုက်တာနဲ့ ဖုန်းတန်းကိုင်တာ။

ငယ်ရေ…ကိုကိုစိတ်ပူတက်တယ်ဆိုတာ မသိတာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလားကွာ… ကိုယ့်ကိုပြောပါဦး။

Jiyong ကားမောင်းရင်းနဲ့ အတွေးပေါင်းများစွာ
ခေါင်းထဲမှာစီရီလို့  အခုလည်းကြည့် ငယ့်ကိုတွေ့ချင်ဇောနဲ့ လောလော… လောလော…ထွက်လာခဲ့တာ ဖုန်းမေ့ကျန်ခဲ့ပြန်ပြီ။

ဖုန်းလေးမကိုင်မိတာနဲ့ အဲ့လောက်ထိစိတ်ပူဖို့လိုလို့လားဆိုပြီး ခင်ဗျားတို့ထင်နေတယ်မလား။တကယ်လို့ ကျွန်တော့်ဘေးမှာ  လူတစ်ယောက်သာရှိရင် ကျွန်တော်ဖြစ်ပျက်ပုံကိုကြည့်ပီး 'မင်းအရမ်းပိုတာပဲ'လို့ပြောမှာ။

အဲ့လိုသာဆိုရင် ကျွန်တော်စကားတစ်ခွန်းပဲ ပြန်ပြောလိုက်မှာ "ခင်ဗျားသာ လူတစ်ယောက်
ကို တကယ်တန်ဖိုးထားပြီး ချစ်တက်မယ်ဆိုရင်  ကျွန်တော်အခု ခံစားနေရတဲ့ ခံစားချက်ကို သိလိမ့်မယ်"ဆိုပြီးပေါ့။

ကျွန်တော်ပြောတဲ့စကားကို ရယ်စရာလို့ မမှတ်လိုက်နဲ့ အတည်ပြောတာ။ခင်ဗျားတို့တကယ် လူတစ်ယောက်ကို တကယ်ချစ်ဖူးမှသိလိမ့်မယ်။

ထားလိုက်ပါလေ ခင်ဗျားတို့အမြင်က ကျွန်တော့်အတွက် အရေးမကြီးပါဘူးလေ။အခုအရေးကြီးနေတာက ငယ့်ကိုတွေ့ရဖို့ဘဲ။ပြောရရင် ငယ်ကသာ ကျွန်တော့်ဘဝအတွက် အရေးကြီးဆုံးသောလူပဲ ဘဝရဲ့အမောပြေဆေးလေးပေါ့။

ငယ့်အကြောင်းတွေးပီး ကားမောင်းလာခဲ့တာ
ငယ်…ရှိရာcoffeeဆိုင်လေးဆီ ရောက်ရောပေါ့။

Coffeeဆိုင်ထဲ ဝင်ဝင်ချင်း ငယ့်ကိုပဲရှာနေမိတယ်။
အတန်ကြာရှာပြီးနောက်  ငယ့်ကိုမတွေ့။Jiyong စားပွဲလွတ်တစ်ခုမှာ ဝင်ထိုင်လိုက်တယ်။ထိုအချိန် Boomရောက်လာကာ

"Jiyong ရောက်နေတာလား"

"အင်း"

"ဘာလဲ Riကိုလာရှာတာလား ဒါဆိုရင်ရှာမနေနဲ့တော့ Riဒီနေ့မလာဘူး ခွင့်ယူထားတယ်။"

Only You (Completed)Where stories live. Discover now