Only You Part-11

122 8 0
                                    

Part(11)

ကစားကွင်းကနေ ...အိမ်ပြန်တဲ့လမ်းမှာ အနက်ရောင်ကားတစ်စီး...
ဆိုးလ်မြို့ရဲ့ကားလမ်းမပေါ်မှာ... ဖြေးဖြေးမှန်မှန်မောင်းနှင်ဆဲ...

ထိုအနက်ရောင်ကားထဲက... လူသားနှစ်ယောက်ရဲ့လေထုက
တော့...တိတ်ဆိတ်ငြိမ်သက်လျက်ပေါ့...

တစ်ဦးကတော့... ကားပြတင်းမှန်ကိုချပြီး ဆိုးလ်မြို့ရဲ့ညရှုခင်း
အလှကိုခံစားပြီး... မျက်နှာပေါ်ညင်သာစွာထိတွေ့လာတဲ့လေ
ပြေလေညင်းကို... တစ်ဝကြီးခံစားနေတယ်...

နောက်တစ်ဦးကတော့... ကားမောင်းနေရင်း သူ့ဘေးနားမှာ...
ငြိမ်သက်စွာထိုင်နေတဲ့ .ကောင်လေးဆီမှာပဲအာရုံရောက်နေ
တယ် ...တစ်ဖက်ကလည်းကားကိုsaveဖြစ်စွာမောင်းရသေးတယ်...
အခြားတစ်ဖက်မှာလည်း ...သူ့အာရုံကိုလွှမ်းမိုးထားတဲ့သူကို
ဂရုပြုစွာကြည့်ရင်း... သူဘာဖြစ်နေတာလည်းဆိုတာခန့်မှန်း
ရသေးတယ်...

နောက်ဆုံးတော့လည်း... Jiyongမနေနိုင်စွာပဲ မေးရတော့တာ
ပေါ့ ...

"Ri... ငြိမ်လိုက်ချည်လား... နေမကောင်းဘူးလား"

သူ့ကိုနေမကောင်းဘူးထင်ပြီး... နှဖူးကိုလက်တင်ပြီးအပူချိန်ရှိ
မရှိလာစမ်းနေတဲ့ အကိုyongလေးကို ခေါင်းခါပြီး

"ဟင့်အင်း ...ကောင်းပါတယ်... ဘာဖြစ်လို့လဲအကိုyongလေး"

"အင်း...ဘာမှမဖြစ်ပါဘူး ...ငါကမင်းငြိမ်နေတော့ နေမကောင်း
ဖြစ်လို့များလားဆိုပြီး...မေးကြည့်တာ ဘာမှမဖြစ်တာသေချာ
တယ်နော်..."

"အင်း"တစ်လုံးတည်းသာဆိုပြီး... ဟိုဘက်ကိုပြန်လှည့်သွားတဲ့
ကောင်လေးရယ်ပါ... သူတို့ကြားထဲမှာလေထုက--တစ်ဖန်ပြန်
လည်ပြီးတော့ဆိတ်ငြိမ်သွားပြန်တယ်... Riမင်းတစ်ခုခုဖြစ်နေ
တာငါသိပါတယ် ...ဘာကြောင့်လဲဆိုတဲ့အကြောင်းအရင်းကိုပဲ
ငါမသိတာ ...မင်းနဲ့ငါ့ကြားမှာစကားပြောဖို့လိုနေပြီထင်တယ်...

အမြဲတက်တက်ကြွကြွရှိနေတဲ့...ကောင်လေးက ကစား
ကွင်းကပြန်လာထဲငြိမ်နေတာ... အခုချိန်ထိပဲ တကယ်ဆို...ဒါသူ့
ပုံစံအမှန်မဟုတ်ဘူးလေ ...အမြဲတမ်းတက်ကြွလန်းဆန်းနေတဲ့
Seungri ကိုပဲ...ကျွန်တော်ပြန်မြင်ချင်တယ်

Only You (Completed)حيث تعيش القصص. اكتشف الآن