Only You Part-15

118 10 0
                                    

Part(15)

အလွမ်းတွေကို အနမ်းတွေနဲ့ ဆေးခြယ်ပြီးသကာလ... ကောင်လေးနှစ်ဦးမှာတော့ ...တစ်ယောက်
လက်ကိုတစ်ယောက် ဆုပ်ကိုင်ကာ... အချစ်ကြောင်းတွေကို ဖွဲ့သီနေလေရဲ့

"Ri ...ကိုယ့်ကိုအချစ်ကို လက်ခံပေးလို့ ကျေးဇူးတင်
တယ်နော်... ဒီထက်ပိုပြီးတော့ အဆပေါင်းများစွာRi
ကို...ချစ်သွားပေးပါ့မယ် ကိုယ့်ကိုယုံနော် Ri"

"Riယုံပါတယ် ...အကိုyongလေးကို Ri လည်းချစ်တယ်နော်"
Jiyong Riကို... နွေးထွေးသော အသံလေးနဲ့

"ငယ်..."

"ငယ် ...ဘယ်က ငယ်လဲ မှန်မှန်ပြော အဲ့ငယ်ကဘယ်သူလဲ... အကိုyongလေး ဒိုင်ယာရီထဲမှာရေးထားတာ... Riတွေ့တယ်"

Seungri ပြောပြီးကာမှ... ပါးစပ်ကိုလက်နဲ့ အမြန်ပြန်ပိတ်လိုက်တယ်

သွားပြီRi... ဘာလို့အဲ့အကြောင်းသွားပြောလိုက်တာ
လဲ ...သူ့ဒိုင်ယာရီကို ခိုးဖတ်တာ သိသွားပြီ...

Riအတက်နိုင်ဆုံး ...သွားလေးဖြီးပြီးတော့

"ဟီးး အကိုyongလေး အဲ့--အဲ့ဒါကလေ Riတမင်
သက်သက်... လုပ်တာမဟုတ်ပါဘူး မတော်တဆ
Riဖတ်မိသွားတာပါ"

Seungri မျက်နှာငယ်လေးနဲ့ နှုတ်ခမ်းစူပြီး...

"Ri...တောင်းပန်ပါတယ်နော်"

Jiyong ချစ်ရသူလေးကိုကြည့်ပြီး အချစ်တွေပိုလာရတယ်... တောင်းပန်နေတာလေးက အသည်း
ယားဖို့ကောင်းလိုက်တာ ...နှုတ်ခမ်းလေးစူပြီးတော့...
အားး ငယ်မင်းကတော့ ကိုယ့်ကိုသတ်နေတာပဲ...

ကိုယ်ဘယ်လိုလုပ်ရမလဲ... မင်းကြောင့်ကိုယ်တော့
ရူးတော့ထင်တယ် ...မင်းအပြုအမူလေးတွေက လူ
ကိုပြုစားလွန်းတယ် ...ငယ်

"ငယ် ကဘာလို့တောင်းပန်နေတာလဲ တောင်းပန်
စရာမလိုပါဘူး ကိုယ်နားလည်ပါတယ်"

"တကယ်လား"

"အင်း ...ငယ်သိချင်တာမေး ကိုယ်အကုန်ဖြေပေးမယ်"

"Riကိုဘာလို့ ...ငယ်လို့ခေါ်တာလဲ ဒိုင်ယာရီထဲမှာရေးထားတဲ့ ...ငယ်ကဘယ်သူလဲ?"

Jiyong ပြုံးမိတယ်... ငယ်ကသဝန်တိုနေတာပဲ Ri
ပါးဖောင်းဖောင်းလေး နှစ်ဖက်ကို အသဲယားစွာ...
ဆွဲဖျစ်ပြီးတော့

Only You (Completed)Where stories live. Discover now