Only You Part-17

115 8 0
                                    

Part(17)

"ငယ်--- ဒီနေ့ခရီးသွားရင် ဂရုစိုက်သွားနော် "

"အင်းပါ ကိုကိုရဲ့ စိတ်ချပါ အကိုကြီးလည်းပါတာ
ပဲကို--- စိတ်မပူနဲ့နော် Riကိုယ့်ကိုကိုဂရုစိုက်နိုင်ပါတယ်"

"ဟင့်အင်း စိတ်မချနိုင်ပါဘူး ငယ့်အကိုကြီးပါလည်း ကိုကိုကငယ့်ကို ကိုယ်မပါဘဲဘယ်သွားသွားစိတ်မချဘူး "

"အမယ်လေး ကိုကိုရယ်...သူများတွေကြားရင်
Riကပဲ ကိုကိုစိတ်မချအောင် တစ်ခုခုပဲလုပ်ခဲ့သလိုလို--"

"အဲ့လိုမဟုတ်ဘူးလေ ငယ်ရဲ့ ကိုကိုကငယ့်ကိုအရမ်းချစ်လို့စိတ်မချနိုင်ဖြစ်နေတာ ဖြစ်နိုင်ရင်
ငယ့်ကို ကိုယ့်ရဲ့ဘေးနားမှာတစ်သက်လုံးထား
ချင်တာ ငယ်သိရဲ့လား"

Yongနဲ့Ri ဖုန်းပြောနေတုန်း အခန်းထဲကို minzy
ဝင်လာကာ သနားစရာလေသံလေးနဲ့

"အဟမ်း--အဟမ်း ဒီကFaမလေးကိုလည်းသနား
ပါဦး oppaရယ်..."

Yong အခန်းထဲမှာRiနဲ့ဖုန်းပြောနေတုန်း minzyဝင်လာတာကြောင့်.....

"ဟမ် minzy နင် ငါ့အခန်းကို အသိမပေးဘဲ ဝင်လာတာ ရိုင်းတဲ့အပြုအမူနော်"

"Zyမရိုင်းပါဘူး oppa အခန်းတံခါးကို အချက်ပေးသားပဲ oppaမှမကြားတာ "

"ထားလိုက်တော့"

တစ်ဖက်ဖုန်းသံကနေ

"ကိုကိုဘယ်သူနဲ့ပြောနေတာလဲ"

Seungri ကိုကိုနဲ့ဖုန်းပြောနေရင်း မိန်းကလေးအသံ
ကြားလိုက်လို့ မေးလိုက်ခြင်းပါ

"ငယ့်ကိုပြောထားတဲ့ တစ်ယောက်လေ ငယ် ကိုကို
ဖုန်းခဏချလိုက်မယ်နော် ပြီးကျမှပြန်ခေါ်လိုက်မယ် "

"ရပါတယ် Riလည်း ပြင်ဆင်စရာရှိတာပြင်လိုက်ဦးမယ်"

"Ok ဒါပဲနော် ငယ် ချစ်တယ်"

Jiyong ဖုန်းချလိုက်ပြီး Minzyကိုကြည့်ကာ

"ကဲ--ပြောပါဦး ဘာကိစ္စရှိလို့လဲ"

"အင်းး zyအပြင်သွားချင်လို့ oppaလိုက်ပို့ပါလား"

"ဘယ်ကိုသွားမလို့လဲ"

"မသိဘူးလေ စိတ်ကြည်စေမဲ့နေရာတစ်ခုပေါ့"

"ကောင်းပြီလေ တစ်နေရာတော့ရှိတယ်"

Only You (Completed)Where stories live. Discover now