Only You Part -14

27 2 0
                                    

Part(14) zawgyi

Seungri ဒိုင်ယာရီစာအုပ်လေးကို...
ရင်ခုန်စွာ သိချင်စိတ်ကြောင့် ...ဖွင့်လိုက်တယ်
ပထမဦးဆုံး စာမျက်နှာမှာ... ရေးထားတဲ့ စာသားလေးက

♥အရင်းနှီးဆုံးသော.......သူစိမ်း♥

*ကျွန်တော့်ရဲ့အထီးကျန်ဆန်မှုတွေကို ဖြိုခွင်းပေးနိုင်မဲ့သူ*

*ကျွန်တော်နဲ့အတူ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေကို
ထပ်တူခံစားပေးမယ့်သူ*

*ကျွန်တော် မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ကျွန်တော့်
ဘက်မှရပ်တည်ပေးမဲ့သူ*

*ကျွန်တော်လမ်းမှားရောက်ရင်တောင် လမ်းမှန်အပေါ်ဆွဲတင်
နိုင်မဲ့သူ*

*ကျွန်တော်နဲ့အတူ ရူးနိုင်ပေါနိုင်သောသူ*

*ကျွန်တော့်ဖြစ်တည်မှုတိုင်းကို လက်ခံပေးနိုင်မဲ့သူ*

*ကျွန်တော်ပြောသမျှကို စိတ်ရှည်စွာနားထောင်ပေးမဲ့သူ*

*ကျွန်တော်လိုအပ်ချိန်တိုင်း အနားမှာအမြဲရှိပြီး အကြံဥာဏ်
ကောင်းတွေပေးနိုင်မဲ့သူ*

*အရာရာကိုသီးခံခွင့်လွှတ် နားလည်ပေးနိုင်မဲ့သူ*

*ကျွန်တော့်ဘဝရဲ့အမှောင်ထုကို ဖယ်ရှားပေးနိုင်မဲ့သူ*

*ကျွန်တော့်အတွက် အလင်းတန်းလေး ဖော်ဆောင်ပေးမဲ့သူ*

*ကျွန်တော်နဲ့အတူ အသက်တွေကြီးတဲ့အထိ ဘဝရဲ့အချိန်
တွေကိုကောင်းမွန်စွာ ဖြတ်သန်းသွားနိုင်မဲ့သူ*

*ကျွန်တော့်ဘဝရဲ့ ထာဝရလက်တွဲဖော်*

♥ကျွန်တော်ချစ်ရပါသော အရင်းနှီးဆုံး......သူစိမ်း♥

ဘဝမှာတစ်ခါလောက်တော့...ဆုံတွေ့ချင်မိပါရဲ့
ကျွန်တော်လောဘမကြီးပါဘူးနော် 🤗🤗

Ri ဒီအချိန်ထိ... စိတ်အခြေအနေကောင်းနေသေးတယ်...
အဟက်~အကိုyongလေးလည်း... တော်တော်စိတ်ကူးယဉ်
ဆန်တာပဲ ...အခုလိုခေတ်ကြီးထဲမှာ သူရှာနေတဲ့လူမျိုး ...တစ်ရာ
မှာတစ်ယောက်လောက်ရှိနေရင်... ကံကောင်း 😏

ဘာမဆိုင်ညာမဆိုင်... Riတောင်အတွေးတစ်ခုဝင်လာသေး...
အကိုyongလေးရှာနေတဲ့သူက... ငါဆိုဘယ်လောက်ကောင်း
မလဲ ဟိ~ဟိ ☺️☺️

Only You (Completed)Where stories live. Discover now