Only You Part -7

17 2 0
                                    

part(7) zawgyi

coffeeဆိုင်တွင်

"ဟဲ့~Ri ...မနေ့ကကိစ္စ...နင့်ကိုမကျေနပ်ဘူးနော်"

မိ Bom မကတော့...ဘာကိစ္စတွေ---လာပြောနေပြန်ပြီလဲ--
မသိဘူး ငါကတော့အရစ်ခံရဦးမယ်--စိတ်ရှုပ်စွာနဲ့

"ဘာကိုပြောတာလဲBom ...ဘာကိစ္စလဲ?"

အမယ်လေး--ချက်ချင်းလက်ငင်းကို--မသိချင်ထောင်အဲ---
မဟုတ်ပါဘူး--မသိချင်ယောင်ဆောင်နေတယ်ပေါ့ ဟင်းး
တွေ့မယ် Riရဲ့ကျောကို--အားပါပါနဲ့တစ်ချက်လောက်ကစ်
လိုက်ပြီး...

"ဒီမှာRi--နင်အခုမှမသိချင်ယောင်ဆောင်မနေပါနဲ့မနေ့က-နင်
ငါ့ကိုထားသွားတာလေ"

"အားး နာလိုက်တာ Bom ရယ် ... နင်ကလေမိန်းကလေးဖြစ်နေ
လို့သာပဲ ...လက်သံကလည်းပြောင်လိုက်တာ... ယောက်ျားလေး
သာဆိုလို့ကတော့... ဟူးးပြောရင်းနဲ့ကြက်သီးတောင်ထတယ်"

Bom နာသွားတဲ့နေရာကို--လက်နဲ့ပွတ်လိုက်--သူ့ကိုပြောပြီး
ကြက်သီးထတယ်ဆိုပြီး လုပ်ပြနေတဲ့Riကိုကြည့်ပြီး... ထပ်ပြီး
ရိုက်ချင်စိတ်တွေက--တစ်ဖွားဖွား Aiigoo~

"အေးး--လုပ်သင့်ရင်လုပ်ရမှာပဲ... ဘယ့်နှယ့်တစ်ယောက်တည်း
မို့သူ့ကို--အားကိုးပြီးခေါ်ပါတယ်ဆိုမှ... ထားဖြစ်အောင်ထားခဲ့
သေးတယ်"

ရှေ့ကစူပုတ်နေတဲ့ Bomကိုကြည့်ပြီး ...သူကပဲအပြစ်ပြောရ
တယ်ရှိသေး--တစ်ကယ်ဆိုရင်--ငါကတောင်သူ့ကိုပြောရဦးမှာ...

သူ့ရည်းစားနဲ့ချိန်းတွေ့တာကို... တစ်ယောက်တည်းမတွေ့ဘဲ...
သူများကိုအပါခေါ်နေပြီးတော့ ... ဟွန့်~ပြောလိုက်ချင်ဘူး🤨

ထားလိုက်ပါတော့လေ... သူခေါ်လို့လည်းအကိုyongလေးနဲ့...
ထပ်တွေ့ခွင့်ရပြီး... ရင်းနှီးမှုလည်းရသွားတာ Bomကိုတော့
ကျေးဇူးတင်ရမယ်... ဟီးး ဟီး

Riလည်း...ခေါင်းလေးကုတ်ပြီး

"အဲ့ဒါဆိုရင်တော့--တောင်းပန်တယ်--ငါကနင်တို့ကိုရှောင်
ပေးတာပါဟာ--လွတ်လွတ်လပ်လပ်တွေ့ရအောင်လို့"

စိတ်ထဲကနေတော့...ငါ့အကြောင်းနဲ့ငါ--မို့လို့ဟေ့

"Riငါက...နင့်သူငယ်ချင်းပါ--နင့်အကြောင်းမသိဘူးများ
ထင်နေလား--ပြောစမ်း~နင်ငါ့ကိုတစ်ခုခုဖုံးကွယ်ထား
တယ်မလား--ငါ့ချစ်သူနဲ့မိတ်ဆက်ပေးပါမယ်ဆိုတာ
တောင်မရဘူး--နင်သွားတာလေ"

Only You (Completed)Where stories live. Discover now