🌟Part-1🌟

1.4K 73 7
                                    

My Light🌟
Part-1🌟
[Unicode]


နွေဦးလေပြေတွေတောင်တိုက်ခတ်နေခဲ့ပီပဲ။
​နွေဦးမို့ သစ်ရွက်ခြောက်လေးတွေဟာ ဟိုတစဒီတစကြဲပြန့်လွင့်ပါးလျှက်...
နွေအစရဲ့ နေ့လည်အချိန်အခါကိုရောက်နေပီမို့ ရာသီဥတုကတော့အိုက်စပ်စပ်နှင့်...ဒါပေမဲ့ သူ့ရဲ့ရင်ထဲအတွင်းမှာတော့ အေးချမ်းလျှက်ရှိပေသည်။

မတွေ့ဆုံရတာကြာပီဖြစ်သော လောကပတ်ဝန်းကျင်ကြီးက သူ့ကိုပွေ့ဖက်သယောင်ကြိုဆိုနေတာကြောင့် သူလဲထပ်တူထိုသဘာဝတရားကြီးကို ထွေးပွေ့လိုက်ချင်မိသည်။ ၅နှစ်တာ ကာလအတွင်းမှာ အတော်ပြောင်းလဲနေပီဖြစ်သော သဘာဝလောကကြီး...ပြောင်းလဲလာသော လောကကြီးနှင့်အညီ သူလဲ အရာရာပြောင်းလဲခဲ့လေပီ။ တနည်းအားဖြင့် သူ့ရဲ့ ကျန်ရှိနေတဲ့သက်တမ်းတလျှောက်လုံး စိတ်သစ်လူသစ်ဖြင့် ဘဝခရီးလမ်းကိုအေးချမ်းစွာလျှောက်တော့မည်။

"ဟေး, ကောင်လေး"

သူ့​ကို လောကတရားကြီးနဲ့အဆက်အသွယ်ဖြတ်ထားသောတံခါးချပ်ကြီးအားကျော်ဖြတ်လိုက်တော့ အပြင်ဘက်ခြမ်းရဲ့ ဂျူတီကုတ်ဖြင့်ဦးလေးကြီးတယောက်မှ သူ့ကို ရည်ရွယ်သော အခေါ်အဝေါ်လေးဖြင့် လှမ်း၍ခေါ်လိုက်သောကြောင့် သူလှည့်ကြည့်မိသည်...ပီးနောက် ထိုဦးလေးကြီးအားအပေါ့ပါးဆုံးအပြုံးလေးတခုဖြင့်ပြုံးပြလိုက်လေသည်။ အတုအယောင်အပြုံးတွေ သူ မဆင်မြန်းတော့...စစ်မှန်သောစိတ်ရင်းကလာတဲ့ အပြုံးတို့သာ မျက်နှာထက်တွင်နေရာယူလို့ထားသည်။
သူ့ကို အခေါ်ရှိသော ထိုဦးလေးဆီသို့ သူ​၏ခြေလှမ်းများဟာ ရွေ့လျားလျှက်...

"ဟုတ် ဦးလေး"

"ကောင်လေး ဒီနေ့ပေါ့"

"ဟုတ်တယ်ဗျ"

"မင်းပျော်နေပီပေါ့..ဟုတ်တယ်မလား"
ထိုဦးလေးက သူ့ကျောပြင်အား ခပ်ဖွဖွပုတ်ကာ ပြုံးလျှက်သူ့အားစကားဆိုနေသည်။ ထိုအခါ သူလဲ ခေါင်းငြိမ့်၍ အရှက်ပြေလေးပြုံးပြကာ...

"ဒါပေါ့ဗျ..ကျွန်တော်ပျော်တယ်"

"ပျော်ပစ်ကွာ ဒီနေ့ကစပီး စိတ်သစ်လူသစ်နော်"
ထိုဦးလေးက သူ့ကိုတည့်တည့်လက်ညှိုးလေးထိုးကာ မျက်စိတဖက်မှိတ်ပြရင်း ရီသံခပ်အုပ်အုပ်ဖြင့်ပြောနေလေသည်။

MY LIGHT [ Completed ]✅✅Where stories live. Discover now