🌟Part-14🌟

260 38 12
                                    

Part-14
[Unicode]


Jay ရဲ့မနက်ခင်းလေးက အရင်ကနေ့တွေနဲ့မတူ လန်းဆန်းပေါ့ပါးလို့နေလေရဲ့... မနေ့ညက Byeol အကြံပေးလိုက်သည့်အကြောင်းကို ထပ်တလဲလဲစဉ်းစားနေခဲ့သည်...နောက်ဆုံးတော့သေချာတဲ့ဆုံးဖြတ်ချက်တခုကို သူချနိုင်ခဲ့ပီလို့ဆိုရမည်... Byeol ပြောသလို အဖေနဲ့အမေတို့ကို ဒုတိယအကြိမ်အခွင့်အရေးပေးလိုက်ဖို့သာပင်...

မနေ့ညကပြန်ရောက်တော့ ကြီးကြီးကိုတောင် အဖေတို့ဘယ်ချိန်ကိုးရီးယားကိုပြန်ရောက်မလဲမေးမိသေးသည်...
သူ့ဆီက အထူးအဆန်းစကားတွေကြားလိုက်ရလို့နေမှာ...ကြီးကြီးကအရမ်းတွေအံ့ဩနေတာ... သူလဲထပ်တူအံ့ဩမိပေမဲ့ သူကိုယ်တိုင် ဆုံးဖြတ်လိုက်တဲ့ကိစ္စတခုမို့အထွေအထူးတော့မဟုတ်ချေ။
ကြီးကြီးပြောသည်က အဖေတို့က သန်ဘက်ခါလောက်ဆိုပြန်ရောက်မည်တဲ့လေ... အဲ့အချိန်ကျ သူလေဆိပ်ကိုသွားကြိုပေးရင်ကောင်းမလား...

မနက်ဖြန်ကိုတော့ သူရင်ခုန်မိပါရဲ့... ဒီနေ့လေးကိုတော့ ပုံမှန်အတိုင်းသာဖြတ်သန်းမည်... အခုချိန်က Byeol ဆီကိုသွားမယ့်အချိန်နီးလာတာမို့ သွားရန်ပြင်ဆင်ရတော့သည်... Byeol က သူ့တောင်းဆိုမှုကိုလက်ခံလိုက်တာကြောင့် ခွဲစိတ်မှုအတွက် ဆောင်းဟွန်းအပြင်တခြားဆရာဝန်ကြီးတွေနဲ့ပါ သေသေချာချာတိုင်ပင်ကြည့်ရဦးမည်... သူ့အတွက် အချိန်တွေပေါမနေတော့ အလုပ်တွေရှိလာခဲ့ပီ...တွေးမိသည်... သူကပတ်ဂျုံဆောင်းရော ဟုတ်ရဲ့လားပေါ့....

★★★★★★★★★★★★

Jay မျှော်လင့်ခဲ့ရတဲ့ နေ့ကိုရောက်လာပီ... သူဆုံးဖြတ်ခဲ့သည်...အဖေတို့ကို လေဆိပ်မှာသူကိုတိုင်သွားကြိုမည်... လေယာဉ်ချိန်က နေ့လည်ဖြစ်တာမို့ မနက်စောစောထကာ ပြင်ဆင်နေလိုက်သည်...မနက်စာစားဖို့ရန် အောက်ထပ်ကိုဆင်းလာတော့ မနက်စာစားဖို့ရန်ပြင်နေသည့်ကြီးကြီးကိုတွေ့လိုက်ရတာကြောင့် သူပါတခါတည်းဝင်စားရန် သွားလိုက်သည်။

"ကြီးကြီး...ကျွန်တော့်အတွက်ပါ ထည့်ပေး"

"အေ...အေးအေး"
ကြီးကြီးက ခုထိသူ့ကိုအံ့ဩလို့မပီးသေးဘူးလား။

"အဖေတို့က နေ့လည်လေယာဉ်ချိန်နော်... ကျွန်တော်သွားကြိုမှာမို့ အိမ်ကလူတွေကိုမလွှတ်နဲ့တော့"

MY LIGHT [ Completed ]✅✅Where stories live. Discover now