🌟Part-21🌟

234 30 3
                                    

Part-21
[ Unicode ]


ဖိတ်ခေါ်ခြင်းမရှိဘဲ သူတို့မောင်နှမနှစ်ယောက်ထံသို့ တစ်စုံတစ်ယောက် ရောက်လာခဲ့သည်...သို့နည်းတူ
ထိုလူက သူတို့အားသံယောစဉ်တွေနဲ့အတူရစ်ပတ်နှောင်ဖွဲ့ထားခဲ့ကာ နှုတ်ဆက်ခြင်းမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်...ထိုသူ ရစ်ပတ်ခဲ့တဲ့ကြိုးမျှင်တွေကြားမှာ ရုန်းလို့မထွက်နိုင်ဆုံးသူကတော့ သူ့ရဲ့ အစ်မ
Byeol ပေါ့လေ။

အစ်မဖြစ်သူရဲ့ အမြင်အာရုံတွေပြန်ရလာတဲ့နေ့ကတည်းက အစ်မက သူမရဲ့ကျေးဇူးရှင်ဆိုသော
သူအားတွေ့ချင်နေခဲ့သည်။ ထိုသူက သူမအား သေချာပေါက်ပြန်လာတွေ့မယ်လို့ ကတိတွေပေးထားခဲ့ပေမဲ့ အစ်မရှေ့ကို သူရောက်မလာခဲ့တော့။
ပိုဆိုးတာက အစ်မက ထိုသူအပေါ် သူမရဲ့နှလုံးသားတစ်ခုလုံးကို ပုံအပ်ထားလိုက်ခြင်းပင်။

မျှော်တော်ရောင်အဖြစ်နဲ့ ကျန်ရစ်နေခဲ့တဲ့ အစ်မရဲ့အဖြစ်ကို Jakeမကြည့်ရက်နိုင်ခဲ့လို့ ပျောက်ကွယ်ထွက်ခွာသွားတဲ့ ထိုလူရဲ့သတင်းကို မရမကလိုက်လံစုံစမ်းခဲ့သည်။

ရရှိမိတဲ့ ထိုလူသတင်းတွေအားလုံးစုံလင်မိချိန်
နောက်ဆုံးမှာတော့ Jake ထိုသူထံသို့ ဆိုက်မြိုက်စွာရောက်လာခဲ့ရသည်။

"Jake...မင်း"

မှန်နံရံတဖက်ခြမ်းမှာ တည်ရှိနေရတဲ့ Hyung က သူ့ကိုတွေ့လိုက်ရလို့ အံ့ဩသွားပုံပင်။ ထို့နောက် သူနဲ့အကြည့်ချင်းမဆုံနိုင်လောက်အောင် မျက်နှာကို တဖက်သို့လွှဲထားကာ ခေါင်းကို တွင်တွင်ငုံ့ထားသည်။

"ဘာဖြစ်လို့ရောက်လာခဲ့တာလဲ...အဟက်! အခုငါရှိတဲ့နေရာကိုတောင် မင်းရောက်လာပီဆိုတော့ ငါ့အကြောင်းတွေကို မင်းသိရောပေါ့..."

Jake ကို နည်းနည်းလေးမျှ ပြောခွင့်မပေးဘဲ
Hyung က သူ့ရဲ့ထင်မြင်ရာတွေကိုသာ ဦးစားပေးပြောနေတော့သည်။ အခုချိန်ထက်ထိ Jake ကိုကြည့်မလာသေးဘဲ အက်ရှရှနိုင်လှသော အသံဖြင့်သာ ခေါင်းကိုငုံ့ထားရင်း သူ့စကားတွေကို ရှေ့ဆက်နေတော့သည်။

"မင်းသိပြီဆိုတော့ Byeol လဲသိလောက်နေပြီထင်တယ်...ဒါပေမဲ့ သူ့ကိုရော မတွေ့မိပါဘူး ငါ့ကိုမုန်းသွားလောက်ပြီနေမယ်"

MY LIGHT [ Completed ]✅✅Where stories live. Discover now