🌟Part-8🌟

250 36 3
                                    

Part-8🌟
[Unicode]







သူမတို့ အိမ်က တိုက်ရဲ့ဒုတိယထပ်မှာမို့ အောက်ထပ်သို့ပြန်ဆင်းလာတော့ တိုက်တိုက်ဆိုင်ဆိုင်ပင်...

"Jay Hyung...ကျွန်တော့်ဆီ ရောက်လာတာမြန်လှချည်လား...ပြောတော့ညနေမှဆို"

"ဟင်...NI-KI...မင်းကဒီဘက်ထဲနေတာလား"

"အင်းလေ ကျွန်တော် Hyungဆီကိုတည်နေရာပို့ပေးထားတာပဲကို..."

NI-KI ထိုသို့ပြောလေတော့ ဖုန်းကိုထုတ်ကြည့်ကာ NI-KI ရဲ့ မက်ဆေ့ချ်ကို အလောတကြီးရှာနေမိသည်။

"အေးဟုတ်သားပဲ...မင်းဒီနေရာမှာနေတာ"

"ဝါး...Hyung က ကျွန်တော်ဘယ်နေရာမှာနေမှန်းမသိဘဲ ဒီတိုင်းလာတာတောင် ကျွန်တော့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတာပဲနော်...."

"Omo...မဟုတ်မှလွဲရော ကျွန်တော်နဲ့ Hyung ရဲ့ဖူးစာများလား...Andwee!!!! ကျွန်တော်က မိန်းမပဲယူမှာ"

NI-KI သူ့ရင်ဘတ်ကို ကြက်ခြေခတ်သဏ္ဌာန်လက်နှစ်ဖက်ဖြင့် ပိုက်ကာ အံ့ဩတကြီးဖြင့်...
ပေါက်ပေါက်ရှာရှာ ဒီကောင်လေးဟာ သူ့ကို စနောက်စရာများထင်နေသလားမသိပေ...

"အာ့!!!! နာတယ် Hyungရဲ့ တကယ်ထိုးတယ် ကျန်း..."

​ပါးစပ်ထဲတွေ့သမျှ ပေါက်ကရတွေဇွတ်ပြောနေတာမို့ သူ့ဗိုက်နားလေးသို့ လက်သီးတချက်ခပ်ဖွဖွလေးပစ်ကျွေးလိုက်သည်...အားမပြင်းတဲ့ လက်သီးကို အသက်ပင်သေလောက်အောင်အပိုတွေလုပ်ကာ အော်ဟစ်ပြနေသော NI-KI... မဟုတ်ရင်သူပဲ နှိပ်စက်နေသလိိုလို....

"မင်းမဟုတ်တာတွေလျှောက်ပြောနေတာကိုး"

"ချစ်လို့စတာကို Hyungရဲ့ ချိတ်ချိုးနဲ့..."

Jay ပုခုံးတဝိုက်ကို ဖက်တွယ်လာတဲ့ NI-KI လက်တွေကို Jay ဖြုတ်ချသော်လဲ တော်ရုံနဲ့ပြေမကျလာ...

"ဟေ့ကောင် လွှတ်စမ်းဟ...အသက်ရှုတောင်ကြပ်လာပီ"

ထိုသို့ပြောကာမှ တွယ်ဖက်ထားရာမှလွှတ်ပေးလိုက်သည်...နောက်တော့ Jay ကိုကြည့်ကာ စပ်ဖြီးဖြီးနှင့်...

"ဟီးဟီး ဘွာတေးဘွာတေး...ဆိုစမ်းပါဦး ဘရားသားရေ ကျွန်တော့်ဆီလာတာတော့မဟုတ်ဘူးမလား"

MY LIGHT [ Completed ]✅✅Unde poveștirile trăiesc. Descoperă acum