🌟Part-3🌟

293 43 4
                                    

Part-3🌟
[Unicode]



မီးရောင်စုံတွေကြားမှာ ကခုန်ပျော်မြူးနေကြတဲ့ လူစုတွေ...ဒီထဲမှာ Jayလဲတယောက်အပါအဝင်ဖြစ်သည်...သူက စိတ်ရှုပ်တတ်တိုင်း ဒီလို Clubမျိုးကိုလာနေကြသူမို့ ကခုန်ပျော်ပါးချင်စိတ်ကတော့မရှိ...ဒီကိုလာတဲ့အကြောင်းအရင်းက အမူးသောက်ပစ်ဖို့သာ။

"Oppa...ဘာလို့တယောက်တည်းသောက်နေတာလဲ...တူတူသောက်ပီးဟိုမှာသွားကကြမယ်လေ"

နံဘေးသို့ မိန်းမတယောက် ရောက်လာပီးJayရဲ့ လက်မောင်းတို့ကိုတွဲကာ ချွဲပြစ်ပြစ်နှင့်စကားဆိုနေလေသည်...ဒီလိုအရာတွေကို သူအမြဲကြုံနေကြမို့မဖြုံတော့...သူတို့ကိုမြင်နေလေ ပိုစိတ်ရှုပ်တာကြောင့် တောက်တချက်ခတ်လိုက်ပီး သူ့ရဲ့လက်မောင်းတွေကို တွယ်ဖက်လို့ထားပါတဲ့ ထိုမိန်းမရဲ့လက်တွေကို ခပ်ကြမ်းကြမ်းဆွဲဖြုတ်လိုက်ကာ....

"ဟာ...သောက်ဇယားတွေကတမှောင့်...အေးဆေးနေစမ်းပါ သွား ဝေးဝေးသွား...ငါကမင်းတို့ထင်နေသလိုအကောင်မဟုတ်ဘူး"

ပျားရည်လောင်းသလို ချိုရွှင်နေသော ထိုမိန်းမရဲ့မျက်နှာဘေးက Jayရဲ့အပြုအမူတွေနဲ့ ပြောလိုက်သောစကားကြောင့် မျက်နှာမှာချက်ချင်းဆိုသလိုရှုံ့မဲ့လာကာ...
"ဘယ်လို လူလဲမသိဘူး...ဒီလိုနေရာကိုလာတာ ဒီလိုမျိုးတွေကိုလိုချင်လို့မဟုတ်ဘူးလား အဟက်!!!"

ခနဲ့တဲ့တဲ့စကားကြောင့် အစတည်းကထွက်ချင်နေတဲ့ ဒေါသက ငယ်ထိပ်သို့...

"ဟာကွာ...မင်းတော့"

ရုတ်တရက်စိတ်မထိန်းနိုင်တာကြောင့် ထိုမိန်းမကိုရိုက်ရန်လက်ရွယ်လိုက်မိသည်...အချိန်မှီအသိစိတ်ပြန်ကပ်လာတာကြောင့် လက်တွေကလေထဲမှာရပ်တန့်နေဆဲ...ထိုမိန်းမကလဲ သူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်လို့နေသည်...ထိုမိန်းမအကြည့်တွေကို သူရှောင်လိုက်ပီး ရွယ်ထားတဲ့သူ့လက်တွေကိုပြန်ရုတ်သိမ်းကာ...

"ငါ့ရှေ့က အခုချက်ချင်းထွက်သွားတော့"

"ရှင့်လိုလူအနားလဲ မနေချင်တော့ပါဘူး ပူလောင်လိုက်တာ"

အဆုံးထိ သူ့ဒေါသကိုဆွသွားသေးသည်။
ချိန်းထားတဲ့ကောင်ရောက်မလာသေးလို့သာ စောင့်နေခြင်းဖြစ်သည်...သူ့စိတ်နဲ့သာဆို ထွက်သွားနှင့်လေပီ။

MY LIGHT [ Completed ]✅✅Tahanan ng mga kuwento. Tumuklas ngayon