🌟Part-6🌟

275 41 10
                                    

Part-6🌟
[Unicode]




"ဟဲ့ ဒီမှာ လူရှိနေတာ နင်မမြင်ဘူးလား...တန်းစီပီးယူရတာဟဲ့...ခုလိုလုပ်စရာလား နင့်မှာယဉ်ကျေးမှုမရှိဘူးလား"

"ငါလဲဗိုက်ဆာလို့နင်တို့တန်းစီတာမစောင့်နိုင်တော့လို့ ကြားဖြတ်လိုက်တာလေ ဘာလဲ မရဘူးလား"

"နင်တယောက်တည်းဗိုက်ရှိတာမဟုတ်ဘူး...ငါတို့လဲဗိုက်ရှိလို့ဗိုက်ဆာတယ်"

"ငါဘာကောင်လဲနင်မသိဘူးလား"

"နင့်အပြုအမူတွေကသက်သေပြနေပီမလို့ နင်ကဘာကောင်လဲဆိုတာ နင်မပြောလဲ ငါသိနေပီထင်တယ်"

"ဘာ!!! မင်းတော့"
.
.
.
.
.

"အဒေါ် ကျွန်တော့်ကို ထမင်းထည့်ပေးပါ"

စားသောက်တန်းမှာ အချင်းများနေကြတဲ့ ကျောင်းသားနဲ့ကျောင်းသူနှစ်ယောက်ကြားထဲ ဖြတ်ဝင်လာတဲ့ Jake...သူတို့နှစ်ယောက်ကြားထဲတိုးဝင်ကာ ပန်းကန်ကိုယူ၍ စားစရာတွေသူ့ထဲထည့်ပေးရန်အေးအေးဆေးဆေးနဲ့ပင်ပြောလို့နေသည်။
စားဖိုဆောင်မှ အဒေါ်ကြီးက ထမင်းပန်းကန်ကမ်းပေးလာတော့ သေချာလေးယူလိုက်ကာ...တဖက်ကျောင်းသားနှင့်ရန်ဖြစ်နေပါသော တရှုးရှုးတရှဲရှဲနှင့်ဒေါသထွက်နေပါသော ကောင်မလေးဆီသို့ ပန်းကန်အားကမ်းပေး၍...

"ရော့...ယူလိုက် မင်းအလှည့်မလား"

Jake ကမ်းပေးသောပန်းကန်အား ထိုကျောင်းသူက ယူလိုက်သည်နှင့် Jake ထိုနေရာမှ ချာခနဲလှည့်ထွက်လာကာ သူ့မူလတန်းစီရာနေရာဆီသို့ ပြန်ထွက်သွားလေသည်။
ကျောင်းသူမှာလဲ ပန်းကန်လေးကိုင်ထားလျှက်အူကြောင်ကြောင်လေးရပ်ကျန်လို့နေလေသည်...

"တောက်!!! ဒီကောင်ကဘာကောင်မို့လို့ ငါတို့ကြားထဲဝင်ရှုပ်သွားရတာလဲ"

"ဟျောင့်...NI-KI တော်တော့ စားချင်စိတ်မရှိတော့ဘူးကွာပြန်ကြမယ် မင်းလဲစိတ်လျှော့တော့"

သူမနဲ့ ရန်ဖြစ်ထားသော အကောင်ဆီမှ အသံထွက်လာမှသာ သူမ အသိပြန်ကပ်တော့သည်။ ထိုကျောင်းသားအား ခနဲ့သလိုတချက်ပြုံးပြခဲ့ရင်း သူမလဲထိုနေရာမှ ထွက်လာခဲ့သည်။

MY LIGHT [ Completed ]✅✅Where stories live. Discover now