🌟Part-27🌟 (FINAL) / Unicode

344 26 10
                                    

My Light
F.I.N.A.L Part
[ Unicode ]

ဂျုံ​ဆောင်း ညာခဲ့မိတဲ့ သူမကို တောင်းပန်ဖို့ကြိုးစား​သော်လဲ ထိုမိန်းက​လေးမှာ သူ့ကို​တွေ့ဖို့​တောင်လက်မခံ​ပေးပါ​လေ။ မသိသလိုလုပ်ကာ ​တမင်တကာရှောင်​​​ပြေး​နေ​ရဲ့။
ဟုတ်ပါသည်...ဟန်​ဆော​ပြောသလိုမျိုး ဒါသူဝဋ်လည်တာပဲဖြစ်ပါမည်...ဘာပဲဖြစ်ဖြစ် သူမနဲ့ အနီးဆုံးကို တဖန်ပြန်လည်​ရောက်ရှိ​​နေပြီမို့ ရှင်းပြခွင့်ရဖို့ကြိုးစားရန်မှာ မခက်ခဲ​တော့ပြီ...

အသက်မပါတဲ့ မျက်ဝန်း​တွေနဲ့အတူ ပတ်​ဂျေးကိုတခါမှမသိခဲ့ပါဘူးဟု​ Byeolပြော​ခဲ့စဥ်က
ဂျုံ​ဆောင်းရင်ဘတ်ထဲတဆစ်ဆစ်နဲ့နာကျင်ခဲ့ရပါသည်...သူမ ခွင့်မလွှတ်​တော့မှာထက် စိတ်နာသွားမှာကို ပိုလို့​​ကြောက်ရွံ့​နေခဲ့ရသည်။ သူမရဲ့စိတ်ကို ​သေချာမသိဘဲ တဖက်သတ်ခန့်မှန်း​မ​နေချင်​တော့ပါ...ဂျုံ​ဆောင်းနဲ့ပက်သက်လို့ ဘယ်လိုခံစားချက်ရှိ​သေးတယ်ဆိုတာ သူမကို သူကိုယ်တိုင်​မေးကြည့်ချင်ပါ​သေးသည်။
ဒါ့​ကြောင့်လဲ သူမ လျစ်လျူရှုသမျှကို ဂရုမစိုက်စွာ သူမအနားမှာ ဂျုံ​ဆောင်းတဝဲလည်လည်ရှိ​နေခဲ့တာ ယ​နေ့အထိ​ပေ။ တ​နေ့​နေ့တချိန်ချိန်​မှာတော့ သူ့​​ဖြေရှင်းချက်​တွေကို Byeol နား​ထောင်​ပေးနိုင်​ကောင်းပါရဲ့။

ကုမ္ပဏီအ​ဆောက်အအုံရဲ့ တစ်မိုး​အောက်ထဲမှာ အချိန်တိုင်းနီးပါးအတူရှိနေတာ​တောင် Byeol ကို
တစက္ကန့်​လေး​မျှပင် ​ဂျုံ​ဆောင်း တွေ့ခွင့်မရှိနိုင်​အောင် သူမမှာ အ​ရှောင်အတိမ်း​ကောင်းလွန်း​နေခဲ့သည်။ သည်​နေ့​တော့ ​တွေ့ခွင့်ရဖို့ ကြိုးစားကြည့်ချင်သည်မို့ Byeol ကို​စောင့်ဖမ်းဖို့ရာ
ဂျုံ​ဆောင်းကြံစည်ထားသည်။

ညည်နေ့တွင်တော့ အလုပ်စောစောဆင်းကာ ကုမ္ပဏီမှသူမထွက်အလာကို ကားထဲမှနေ၍ စိတ်ရှည်စွာစောင့်နေလိုက်သည်။ အချိန်တွေတရွေ့ရွေ့ကုန်လာခဲ့ပြီးနောက် မျှော်နေတဲ့ မိန်းကလေးမှာ သူ့မြင်ကွင်းရှေ့သို့ရောက်ရှိလာခဲ့တော့ ကားပေါ်မှ အလျှင်အမြန်ဆင်းခဲ့လိုက်ကာ သူမဆီသို့ ပြေးလျှက်သွားခဲ့သည်။

MY LIGHT [ Completed ]✅✅Where stories live. Discover now