🌟Part-17🌟

278 37 9
                                    

Part-17
[ Unicode ]

အတိတ်ကနေ့ရက်တွေကိုပြန်တွေးတိုင်း မနေ့တစ်နေ့ကလိုဖြစ်နေတုန်းပါလားနော်။ Oppa နဲ့အတူရှိခဲ့ရတဲ့အချိန်တွေကို ပြန်တွေးတိုင်း ကြည်နူးမိသလို Oppa ကို တွေ့ချင်မြင်ချင်စိတ်ကြောင့် ဝမ်းနည်းမိပြန်သည်...တစ်ခါမှ သူ့မျက်နှာလေးကို မြင်ဖူးခွင့်တောင်မရှိပါဘဲနဲ့ Byeol က Oppa ကို နက်နက်ရှိုင်းရှိုင်းချစ်နေမိတာပါတဲ့...ဒါတွေက သူ့ရဲ့ဂရုစိုက်ကြင်နာမှုတွေကြောင့်ဖြစ်လာတဲ့ နှလုံးသားထဲကလှုံ့ဆော်တဲ့အသိထင်ပါရဲ့...Byeol နှလုံးသားလေးရဲ့ ပဲ့ကိုင်ရှင်က တစ်ဦးတည်းသော Byeolရဲ့ Oppa ဆိုတာ နှစ်တွေကြာလာသော်လဲ ယခုအချိန်ထိတိုင် တည်မြဲဆဲပင်။

အခုဆို Byeol ဝါသနာပါရာအလုပ်ကို လုပ်ကိုင်ခွင့်ရတဲ့သူတစ်ယောက်ဖြစ်နေပြီ...Byeol က Park လုပ်ငန်းစုရဲ့ ဖက်ရှင်ဒီဇိုင်းကုမ္ပဏီက ဝန်ထမ်းတစ်ယောက်ဖြစ်နေခဲ့သည်မှာ သုံးနှစ်နီးပါးရှိလေပြီ...လုပ်ငန်းခွင်မှာ ကြိုးကြိုးစားစားလုပ်ကိုင်ရင်းပင် အချစ်ဆုံးသူငယ်ချင်းတစ်ယောက်လဲရခဲ့လေသည်။
လုပ်ငန်းအတည်တကျလဲ ရှိနေပြီဆိုတော့ အိမ်အတွက်စားဝတ်နေရေးကိုလဲ Byeol ကထောက်ပံ့ပေးနိုင်လေပြီ...အရင်နေခဲ့တဲ့ တိုက်ခန်းအိမ်ယာလေးကိုပြန်ရောင်းပြီး အခုဆို ကိုယ့်ဝန်းကိုယ့်ခြံနဲ့ နေနိုင်တဲ့ လုံးချင်းအိမ်ယာလေးကို ဝယ်လို့ရခဲ့ပြီဖြစ်တဲ့ အခြေအနေသို့ရောက်ရှိလာခဲ့ပါသည်။ အိမ်အသစ်လေးမှာတော့ Byeol နဲ့မေမေသာနေထိုင်ပြီး Jake ကတော့ အိမ်မှာမနေဖြစ်တော့ဘဲ တက္ကသိုလ်ကျောင်းက အနုပညာမေဂျာမှာ ဆရာအဖြစ်ပြန်သင်ကြားပေးကာအလုပ်လုပ်နေပြီး Violin သင်တန်းတခုလဲဖွင့်လှစ်ထားတဲ့ သူတစ်ယောက်ဖြစ်လို့နေလေပြီ...Jakeက သူသင်တန်းဖွင့်ထားတဲ့ နေရာလေးမှာပဲ အနေများပြီး Byeolတို့အိမ်ကိုတော့ တစ်ခါတစ်လေသာပြန်လာလေ့ရှိသည်။

"မေမေ...Byeol...ညနေလောက်အိမ်ပြန်နောက်ကျမယ်နော်...ဟန်ဆောက သွားစရာရှိလို့ လိုက်ခဲ့ပေးပါဆိုလို့"

"အင်းပါသမီးရယ်...ဟန်ဆောကိုလဲ အိမ်လည်လေးခေါ်လာခဲ့ပါဦး မေမေတွေ့ဖူးချင်လို့ပါ"

"ဟုတ်ကဲ့ပါမေမေရယ်..Byeol ခေါ်လာခဲ့ပါ့မယ်...အဲ့တစ်ယောက်ကလေ သူ့ဟာနဲ့သူတောင် ဘာတွေလုပ်မှန်းမသိ ပတ်ရှုပ်နေတာ...လျှပ်ပြာကိုတိုက်နေတာပဲ"

MY LIGHT [ Completed ]✅✅Where stories live. Discover now