🌟Part-24🌟

191 24 0
                                    

Part-24
[ Unicode ]

နှုတ်ခမ်းသားထက်ပေါ် လာရောက်ထိတွေ့သော တစ်စုံတစ်ယောက်ထံမှအထိအတွေ့ကြောင့် သူမလန့်သွားမိလေရဲ့... သို့သော် သူမရဲ့လှုပ်ရှားမှုတွေကို ထိုသူဘက်ကတော့ ဂရုစိုက်ပုံမရပါလေ။ အာခံတွင်းထဲထိတိုင် ကျူးကျော်ဝင်ရောက်ကာ အနမ်းတို့ကို တောင်းခံယူနေသော ထိုလူရဲ့ အထိအတွေ့က ကြမ်းတမ်းနေမှုအလျှင်းမရှိဘဲ နူးညံ့ခြင်းအပြည့်ဖြင့်။
သူမ ကိုယ်တိုင်လဲ ရုန်းမထွက်နိုင်ဘဲ ရှိနေခဲ့တော့
သူ့ဘက်က လွန်တယ်လို့လဲ ပြောလို့ရမလားလေ။

တရှိုက်မတ်မတ်နမ်းရှိုက်လာခဲ့သော သူ့ရဲ့ မျက်နှာကို သူမတွေ့ဖူးကြည့်ချင်ပါရဲ့...သို့သော် သူမရဲ့ မျက်လုံးအစုံအတွင်းမှာ ဘာတစ်ခုမျှမမြင်ရပါဘဲ အမှောင်အတိကျရောက်လျှက်ရှိသည်... မျက်လုံးတို့ကို အားကုန်ကြိုးစား၍ဖွင့်ပါသော်လဲ အချည်းနှီးသာ။ ထိုနည်းတူ
သူမ..သူ့ရဲ့အနမ်းနယ်ပယ်ကြားက ရုန်းထွက်ချင်နေမိခဲ့သည်... သို့သော်လဲ ရုန်းထွက်၍မရပါချေ။

ရုတ်တရက်အသက်ရှုကြပ်သလိုခံစားလာရပြီး လူကမောရှိုက်လာခဲ့ကာ ချွေးသီးတွေကျလာသည်အထိ။

***ဒေါက်...ဒေါက်....ဒေါက်***

ထိုအချိန် နားစည်အတွင်းသို့ ဆူညံညံအရာတစ်ခုက ဝင်ရောက်လာခဲ့သည်။

ဒါဘယ်နေရာကလာနေတဲ့ အသံလဲ။
သူမရဲ့ပတ်ဝန်းကျင်တဝိုက်မှာ အရာအားလုံးက
မှောင်မည်းနေခဲ့ပြီး သူမနဲ့အတူ အမည်မသိသော သူစိမ်းလူတစ်ယောက်သာရှိနေခဲ့သည်သာ...ကြားဖြတ်ဝင်ရောက်လာတဲ့ အသံက ဘာများလဲ။

"Noona!! Noona!!"

ဟင်...Jake အသံပါလား သူက ဘယ်လိုလုပ်?
သူမရဲ့ အခုအခြေအနေကို ဒီကောင်လေးမြင်သွားခဲ့ပြီလား...အဲ့လိုဖြစ်လို့မရဘူးလေ။
မျက်လုံးတွေရယ် ပွင့်လိုက်စမ်းပါ...ကျေးဇူးပြု၍။

"အား!!!"

အသံထွက်လာသည့်တိုင် အားယူအော်ပစ်ကာ အမှောင်ထုထဲမှ ရုန်းထွက်လာခဲ့သည်။ မြင်နေရသည့်အရာက သူမရဲ့နှုတ်ခမ်းတွေကို ရင်းနှီးကျွမ်းဝင်စွာ သိမ်းယူခဲ့သော လူတစ်ယောက်ရဲ့မျက်နှာဟုတ်မနေဘဲ မိုးပြာရောင်မျက်နှာကြက်က မြင်ကွင်းတည့်တည့်ကို ဆီးကြိုထားလျှက်ရှိနေသေည်။

MY LIGHT [ Completed ]✅✅Where stories live. Discover now