🌟Part-11🌟

225 36 14
                                    

Part-11
(Unicode)




"မလာတာကြာတဲ့ clubကို Hyung လာတာဘာစိတ်ညစ်စရာတွေများရှိလို့လဲ"

ဝိုင်ခွက်ကို လှုပ်ကာ တငုံသောက်ရင်း Jayကိုမေးလိုက်တဲ့ NI-KI ။ ဒီတိုင်း Club ကိုလာချင်လို့သာ Jayလာခဲ့တာ စိတ်တိုစရာစိတ်ညစ်စရာရှိနေလို့လဲမဟုတ်ချေ... သူ့ပုံစံကသီချင်းသံတွေကြား တရားလာထိုင်နေသလို... ကခုန်နေကြတဲ့လူငယ်တွေကြားထဲသွားကာ ကချင်စိတ်လဲမရှိ... အရက်သောက်ဖို့လာတာဆိုတော့လဲ မဟုတ် သောက်ချင်စိတ်မရှိ... သူ့မှာထူးထူးဆန်းဆန်းတွေဖြစ်လို့နေပါလား.. ယမကာကို ဖက်တွယ်လွန်းတဲ့ Jay Parkဆိုတဲ့သူကလေ သူငယ်ချင်းဟောင်းကြီးကိုရှောင်ဖယ်နေသလိုလိုဖြစ်နေခဲ့သည်မှာ ကြာခဲ့ပီ... Byeol ကြောင့်လား? မဖြစ်နိုင်တာ သူ့စိတ်ထဲသောက်ချင်စိတ်မရှိလို့ပါ... တစုံတယောက်ကြောင့် သူပြောင်းလဲနေတယ်ဆိုတာ လုံးဝမဖြစ်နိုင်။

Byeol ဆိုလို့ သူမနဲ့ Jayနဲ့ မောင်နှမလိုမိတ်ဆွေတွေအဖြစ်ရင်းနှီးခဲ့တာ တစ်လကျော်တောင်ရှိခဲ့ပီ... နေ့စဉ်ဒူဝအလုပ်တွေလို အပို့အကြိုလုပ်ပေးမြဲ သူမဆီသို့ သွားတိုင်းလဲ သူဘယ်တော့မှာနောက်ကျသည်ဆိုတာ မရှိ အချိန်မှန်မြဲပင်... အရင်ကဆို သူမနဲ့ ပုံမှန်တွေ့ခွင့်မရလို့ ရင်ဘတ်ထဲဟာတာတာနဲ့ တခုခုလစ်ဟာနေသလို... ယခုတော့ အဆင်တပြေနှင့်နေထိုင်လို့ကောင်းသည်... သူ့စိတ်တွေလဲအရင်ကထက် ပျော်လာသည်... လောကကြီးထဲရှင်သန်နေထိုင်ရတာ အထီးကျန်တယ်လို့မခံစားရတော့... အချိန်တွေကြာလာလေ သူမနဲ့ Jayရဲ့ ဆက်ဆံရေးမှာလဲအရင်ကထက်ရင်းနှီးလို့လာသည်... သူမက အရင်ကလိုသူ့ကို တခုခုပြောဖို့ရန် တုံ့ဆိုင်းနေသည်ဆိုတာမှာလဲမရှိသလောက်နည်းလာသည်... သူမနဲ့မှ သူအရမ်းပြုံးဖြစ်လာသည်။ ပီးတော့ တခုရှိသေးသည် သူမအပေါ်မှာသုံးနှုန်းတဲ့ သူ့ရဲ့အခေါ်အဝေါ်တွေပြောင်းလဲသွားတာ... သူကတော့ တမင်တကာပင် ကျွန်တော်အစား တခြားနာမ်းစားတခုကို ပြောင်းလဲပစ်ခဲ့တာ... သူမလဲသတိထားမိလောက်သည်... သူ့အပေါ်ကို အခေါ်အဝေါ်နဲ့ပက်သက်လို့ဘာမှထွေထွေထူးထူးပြောမလာတာကြောင့် သူလဲပုံမှန်အတိုင်းသာနေခဲ့သည်။
သူမဘက်က ဘယ်လိုနေမလဲ မသိပေမဲ့ သူအဲ့လိုစပြောင်းပီး ကိုယ့်ကိုကိုယ်သုံးနှုန်းလိုက်တုန်းကဆို ရင်ထဲဘယ်လိုခံစားချက်ကြီးမှန်းမသိ တမျိုးကြီးရယ်...ဟီးဟီး တွေးရင်းတောင် ဘယ်လိုကြီးဖြစ်လာပီလဲမသိဘူး။

MY LIGHT [ Completed ]✅✅Where stories live. Discover now