🌟Part-12🌟

236 33 19
                                    

Part-12
[Unicode]

"Yahh!!!... ပတ်ဂျုံဆောင်း ဘာပြောစရာရှိလို့လဲ စောစောစီးစီးငါ့အိမ်ကိုတကူးတကလာတာ"

Jay ပါးစပ်ဟရန်ပြင်လိုက်တော့ ဆောင်းဟွန်းက လက်နှင့်ကာပီး...

"စကားကိုကပ်မပြောနဲ့နော် မင်းအကြောင်းငါသိတယ်... မေးတာမဖြေဘဲ လက်ပေါက်ကပ်အောင်ပြောမှာ... ငါပြောချင်တာက မနက်ဆိုတခါမှအိမ်မလာဖူးဘူးလေ သောက်ကြမယ်လို့ပြောတဲ့အချိန်မှ လာတဲ့ကောင်မို့လို့ အထူးအဆန်းမေးနေရတာ"

"ရေသောက်ဦးမလား"

ရေကရားထဲမှ ရေကို ဖန်ခွက်ထဲထည့်ကာ ဆောင်းဟွန်းအားမေးလိုက်တော့..

"ဘာ!!"

"တစ်ယောက်တည်းဖြေရှင်းချက်တွေပေးပီးစကားအရှည်ကြီးပြောနေရတော့ မောနေမယ်ထင်လို့ ငါကစေတနာနဲ့😊"

ဂျုံဆောင်းရဲ့လက်စွဲတော် ရိုက်ချင်စရာအပြုံးနှင့် ပြုံးပြလိုက်တော့ ဟိုအကောင်က သက်ပြင်းရှည်ကြီးချကာ သူ့အားစူးစိုက်ကြည့်လာပီး...

"မင်းပဲသောက် ငနာ"

မျက်ခုံးတချက်ပင့်ပြပီးနောက် ရေကိုတကျိုက်တည်းမော့သောက်ပစ်လိုက်သည်။

"ဟျောင့်ရေ... ငါခနနေကျ ဂျူတီသွားရလိမ့်မယ်... ဘာပြောစရာရှိလို့လဲ ပတ်ဂျုံဆောင်းရေ မြန်မြန်လေး"

"အေးအေးပြောမယ်... မင်းကိုရွဲ့ပြနေတာနဲ့ ပြောမယ့်ဟာတောင်မေ့သွားတယ် အဟဲဟဲ"

"ဟိုဟာကွာ ငါမေးချင်တာက မင်းကဆရာဝန်ဆိုတော့ကွာ သိလောက်မယ်ထင်လို့~~~"

"လိုရင်းကမရောက်တော့ဘူးလား"

"ဖြတ်မပြောနဲ့လေကွာငါဆက်ပြောမယ်...ဟိုလေ မျက်စိကွယ်နေတဲ့သူကို ပြန်မြင်လာအောင်ခွဲစိတ်လို့ရမလား"

"ငါကမျက်လုံးအထူးကုမှမဟုတ်တာ ပတ်ဂျေးရ"

"မဟုတ်ဘူးလေကွာ... မင်းလဲဆရာဝန်ပဲကို အဲ့လောက်အနဲအကျဉ်းတောင်မသိဘူးလား"

"အေး မင်းကိုရှင်းပြမယ့်သူကိုပြန်ပြောနေလိုက်"

"ဆောင်းဟွန်းလေးက ရုပ်ကလဲချော သဘောကလဲအလွန့်အလွန်မှကောင်းတဲ့ ဆရာဝန်လေးမဟုတ်လား..."
အမြှောက်အပင့်ကြိုက်သော သူငယ်ချင်းအား ယခုလိုလေး နဲနဲဆွပေးလိုက်မှဖြစ်မည်... ခုတောင်ရုပ်ကပြုံးဖြီးဖြီးဖြစ်နေပီ။

MY LIGHT [ Completed ]✅✅Opowieści tętniące życiem. Odkryj je teraz