🌟Part-18🌟

351 40 9
                                    

Part-18
[ Unicode ]

​ရေမွှေးကြိုက်တတ်သူမို့ ရေမွှေးနံံသင်းသင်းလေးဆွတ်...ဆံပင်စတွေကို နဖူးပေါ်ဝဲမကျအောင် ဂျယ်ဖြင့်လှန်တင်ထားပြီး သပ်ရပ်တဲ့ ကုတ်အင်္ကျီအနက်တထည်ရယ် စတိုင်ပန်ဘောင်းဘီတို့ကို ဝတ်ဆင်လျှက် ပထမဆုံးအလုပ်နေ့အတွက် Jayရင်ခုန်စိတ်လှုပ်ရှားနေမိသည်။ MD ရာထူးအတွက်ပြင်ဆင်ထားတဲ့ အခန်းငယ်ထဲက အလုပ်စားပွဲမှာ ထိုင်နေရင်း Project အတွက်ရွေးချယ်ထားတဲ့ အဖွဲ့မှူးတွေရဲ့ Designတွေကို နောက်ထပ်တကြိမ်ကြည့်ရှုနေလိုက်သည်။

ငါးနှစ်တာအချုပ်အနှောင်မှလွတ်မြောက်လာပြီးသည့်နောက် Jay နှစ်လကျော်နီးပါး နေအိမ်လေးမှာပဲအနားယူကာ အလုပ်အကြောင်းတွေဆက်တိုက်လေ့လာခဲ့ရသည်။ အဖေကလဲ သူ့အား MD ရာထူးအားခန့်အပ်ချင်သည်ဟုဆိုလာသောကြောင့် သူရေကုန်ရေခမ်းကြိုးစားခဲ့ရသည်။ အချိန်တွေပေး, အသိဉာဏ်အင်အားသုံးခဲ့ရတဲ့ ကြိုးစားမှုရလဒ်အတိုင်း ထိုက်တန်စွာ Jayရဲ့ပထမဆုံးအလုပ်လုပ်ခြင်းအဆင်ပြေမည်ဟုလဲ ယုံကြည်ထားသည်။

အရာရာကို စိတ်သစ်လူသစ်ဖြစ်အောင် ကြိုးစားနေထိုင်တော့မှာမလို့ အတိတ်ကဖြစ်ခဲ့တဲ့ အပြစ်တွေအကြောင်းလဲ မေ့ဖျောက်ပစ်ထားသည်။ ရင်ထဲက တဦးတည်းသောသူမလေးကိုတော့ မှတ်ဉာဏ်ကနေမေ့ဖျောက်ချင်ယောင်ဆောင်ထားရသည်မှာတော့ပင်ပန်းလှပါသည်။ ရှေ့တစ်လက သူမနှင့်အမှတ်မထင်တိုက်ဆိုင်စွာ တွေ့ခဲ့ရတဲ့နေ့လေးကိုလဲ မမှတ်မိအောင်ကြိုးစားနေရသည်...သူ့တဖက်တည်းကသာ အရာရာသိနေပြီး သူမဘက်က Jayကိုတောင်မသိတဲ့ သူတို့ဆက်ဆံရေးကို ပြန်လည်အသက်မသွင်းချင်ပါ...သူတို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းက ထိုတခဏလေးနဲ့အဆုံးသတ်သွားရင်ကောင်းပါမည်။ ရှေ့ဆက်ဖို့ရာအတွက် Jay သတ္တိမရှိတာကြောင့်ပါ။

Project စာရွက်ကိုကိုင်ထားရင်း အတွေးတွေက အလုပ်ထဲမှာမရှိတော့ဘဲ ဟိုရောက်ဒီရောက်ဖြစ်နေတဲ့အချိန်မှာ အခန်းတံခါးခေါက်သံကိုကြားလိုက်ရတော့ စိတ်အာရုံက လက်ရှိပစ္စုပ္ပန်သို့ရောက်ရှိလာပြန်သည်။

"MD.Park သူဌေးက အစည်းအဝေးစရအောင်တဲ့ အဆင်သင့်လုပ်ထားပါတဲ့"

MY LIGHT [ Completed ]✅✅जहाँ कहानियाँ रहती हैं। अभी खोजें