Part-19
[ Unicode ]"ဂျုံဆောင်း မင်းဟာက မဟုတ်သေးပါဘူး ဘာလို့ ဆေးရုံအထိလာထိုင်နေတာလဲ မင်းရုံးဆီလာခဲ့မယ်ဆိုတော့လဲ မဟုတ်ပြန်ဘူး"
ဆောင်းဟွန်းက သူ့ရဲ့နားနေခန်းထဲကို ဝင်လာရင်း
ထိုင်နေတဲ့ ဂျုံဆောင်းကိုကြည့်ကာ တတွတ်တွတ်ပြောနေတော့သည်။ ဒီနှစ်တွေအတွင်း ဒီကောင်ကြီးကိုမတွေ့ခဲ့ရတာ ဘယ်လောက်တောင်မှာကြာပြီလဲလေ
ပြီးတော့ ဆောင်းဟွန်းထံမှ ဂျုံဆောင်းသိချင်တာတွေလဲရှိနေသေးသည်။"ပြီးတော့ လာတာကလဲ မနက်ပိုင်းကြီး ရုံးမသွားဘူးလား ငါလဲဂျူတီတွေနဲ့မအားဘူးကွ ပိတ်ရက်မှအေးဆေးတွေ့လဲရနေတာကို"
ပွစိပွစိရွတ်နေတဲ့ ဆောင်းဟွန်းရဲ့စကားတွေကို
ဂျုံဆောင်းသည်းမခံနိုင်တော့လို့ ထိုင်ရာမှ ထလာခဲ့ပြီး လေပွားနိုင်လွန်းတဲ့ ကိုယ်တော်ချောရဲ့ ပုခုံးကို သိုင်းကာ သိမ်းကျုံးဖက်ထားပစ်သည်။ ဂျုံဆောင်းရဲ့လက်မောင်း ကြားထဲက လည်ပင်းအစ်နေတဲ့ ဆရာဝန်ကတော့ နာလို့ လွှတ်ပေးတော့ဖို့ ရုန်းနေလေရဲ့။"ဟေ့ကောင်နာတယ်ကွ...ငါ့ဂျူတီကုတ်တွေကျေကုန်တော့မယ် လွှတ်စမ်းပါကွာ ကလေးကလားနဲ့ မင်းကိုမင်း ဆယ်ကျော်သက်လူငယ်လေးထင်နေတာလား"
"မင်းကို သတိရလို့ လာတွေ့တာတောင် မရဘူးလား ပတ်ဆောင်းဟွန်း အရမ်းလေရှည်တာပဲ"
"အမယ် ငါ့ကိုသတိရသေးတယ်ပေါ့လေ ဟား...ရင်ခုန်သွားပြီကွာ"
ဘယ်ဘက်ရင်အုံကို လက်နှင့်အုပ်ကာ ပြုံးစစပြောနေတဲ့ ပတ်ဆောင်းဟွန်းရဲ့ ရင်ဘတ်ကို ဂျုံးဆောင်းတွန်းပေးလိုက်ပြီး...
"ငါ့ကိုရင်ခုန်ရင် ဆရာဝန်ဖြစ်တဲ့မင်းတောင် ကိုယ့်ကိုကိုယ် ကုမယ့်ဆေးမရှိဖြစ်သွားမယ်နော်"
"ထားစမ်းပါ အဲ့တာတွေ...ငါပြောချင်တာ ငါတို့တွေ အလုပ်နားရက်မှ အေးဆေးတွေ့လဲရနေတယ်လေ အလောတကြီးဖြစ်စရာလိုလား...မင်းရုံးဆီငါလာမယ်ဆိုတော့လဲ ဘာလို့အသဲအသန်မလာစေချင်နေတာလဲ"
ဆောင်းဟွန်းကပြောရင်းနဲ့ အလုပ်စားပွဲမှာဝင်ထိုင်တော့ ဂျုံဆောင်းလဲ ဆာင်းဟွန်းရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်။ ထို့နောက် ဆောင်းဟွန်းကို ခပ်ဖျော့ဖျော့ကြည့်ကာ သကပြင်းချလိုက်ရင်း...
YOU ARE READING
MY LIGHT [ Completed ]✅✅
Fanfiction[Unicode / Zawgyi Code] မင်းပြောခဲ့ဖူးတယ်...မင်းဘဝကိုအလင်းဆောင်ပေးခဲ့တဲ့သူက ကိုယ် ပါဆိုရင်.... ကိုယ့်ဘက်ကလဲ မင်းကိုပြောချင်နေခဲ့တာက ကိုယ့်ကို ပိတ်လှောင်ထားတဲ့အမှောင်ကမ္ဘာထဲကနေ လွတ်မြောက်လာအောင် လုပ်ပေးခဲ့တဲ့သူက မင်းပါ... (Park JongSeong / Jay) မင္း...