🌟Part-23🌟

284 23 5
                                    

Part-23
[ Unicode ]




သူမ အဆုံးသတ်ပြောလိုက်သော Jay ဆိုတဲ့ အမည်နာမကြောင့် ပတ်ဂျုံဆောင်းရဲ့ မျက်နှာပျက်ယွင်းသွားသည်ကို Byeol မြင်လိုက်ရသည်။ သို့သော် သူက ဘာတခွန်းမှ ပြန်ပြောမလာဘဲ သူမလက်ကို အတင်းဆွဲကာ အပေါ်ထပ်ကို တက်သော လှေကားအတိုင်း လိုက်ပါစေသည်။ Jayဟုတ်လားဆိုတဲ့ ဖြေရှင်းချက်တောင်းနေတဲ့ သူမကို ဂရုမစိုက်စွာ သူစိတ်ရှိရာအတိုင်းသာ ပြုလုပ်နေတော့သည်။

အခန်းတစ်ခန်းရှေ့ရောက်တော့ သူက တံခါးကို ခပ်ကြမ်းကြမ်းဆွဲဖွင့်လိုက်ပြီးနောက် သူမကို တလှည့်ကြည့်လာကာ...

"ညအိပ်ဝတ်စုံအပိုတစ်စုံရှိတယ် လဲလိုက်...ရေတွေကို ဘီရိုထဲက တဘက်ထုတ်ပြီးခြောက်အောင်သုတ်"

တကယ်ပဲ သူက ဘယ်သူလဲ။

"ကြားလား!!"

ခပ်ဆတ်ဆတ်အော်လာသော သူ့အသံကြောင့်
Byeol ခေါင်းငြိမ့်ပြလိုက်သည်...ပြီးတာနဲ့ အခန်းထဲသို့ တွန်းပို့လွှတ်ခြင်းခံလိုက်ရကာ တံခါးကို ဝုန်းခနဲပိတ်သွားလေသည်။

အခန်းထဲက ဘီရိုအနား တရွေ့ရွေ့လျှောက်သွားရင်း
ထိုအထဲမှ တဘက်တထည်ထုတ်လိုက်ကာ သူမခန္ဓာကိုယ် တဝိုက် စိုနေတဲ့နေရာတွေကို သုတ်လိုက်သည်။
ထို့နောက် ညအိပ်ဝတ်စုံကိုဝတ်လိုက်ပြီး လက်ရှိဝတ်ထားသော အဝတ်ကို ချွတ်၍ လှန်းထားလိုက်သည်။ ဆိုးလ်ကို ပြန်တဲ့အခါကျ ဒီနေ့ဝတ်ခဲ့တာတွေပဲ ပြန်ဝတ်စရာရှိတာကြောင့်ပင်။

ညအိပ်ဝတ်စုံအစင်းကျား ဝမ်းဆတ်နှင့် Byeol အောက်ထပ်ကို ပြန်ဆင်းလာခဲ့ကာ ပတ်ဂျုံဆောင်းကို လိုက်ရှာမိသည်။ ဧည့်ခန်းဆောင်မှာ​ မတွေ့တဲ့အဆုံး သူရှိနေလောက်မည်ဟု ထင်မိသည့် မီးဖိုခန်းထဲသို့ Byeol ဦးတည်လျှောက်လာခဲ့သည်။ မီးဖိုခန်းထဲသို့ မဝင်သေးဘဲအပေါက်ဝမှာ ခြေစုံရပ်မိကာ သူမ လုပ်ဖို့ကျန်သေးတဲ့ စားစရာတွေကို လက်စသတ်ချက်ပြုတ်ပြင်ဆင်နေတဲ့ သူ့ကို ငေးစိုက်ကြည့်နေမိသည်။

ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုပေါ် စိတ်နှစ်ပြီး ဆောင်ရွက်တဲ့အခါမှာ အလိုလိုဆူထော်လာတဲ့ နှုတ်ခမ်းလေးက ပတ်ဂျုံဆောင်းရဲ့ အကျင့်တစ်ခုလိုဖြစ်နေပြီထင်ရဲ့။ သူ့မျက်နှာကို ဘေးတိုက်မြင်နေရတာကြောင့် ထင်ရှားပြတ်သားလွန်းလှတဲ့ မေးရိုးကြောများအား အတိုင်းသားမြင်ခွင့်ရလေသည်...ထိုထင်ရှားတဲ့ အမှတ်အသားလေးကပင် သူ့ကိုဆွဲဆောင်မှုပို၍ ရှိလေအောင် ပံ့ပိုးပေးနေသယောင်။

MY LIGHT [ Completed ]✅✅Where stories live. Discover now