🌟Part-22🌟

227 21 5
                                    

Part-22
[ Unicode ]


Noonaရဲ့ companyရှေ့မှာ Jake ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်း တစ်ယောက်တည်း အလုပ်ရှုပ်နေလေသည်။ လူငယ်တစ်ယောက်ဖြစ်သည့်အလျောက် လန်းဆန်းတက်ကြွနေမှုကိုဖော်ပြဖို့ Jean jacketနှင့် တီရှပ်အဖြူကို တွဲဖက်ဝတ်ဆင်ထားကာ အလှမျက်မှန်ကိုင်းလေးပါတပ်ဆင်ထားတာကြောင့် သည်နေ့တော့အပြတ်ရှိုးထုတ်လာသည်လို့ပြောလို့ရမလား။

နှာခေါင်းနားလျှောကျလာသော မျက်မှန်ကို ပင့်တင်လိုက်ရင်း Companyကနေထွက်လာသမျှလူတိုင်းကို မျက်မှန်အောက်ကနေ လှမ်းငေးကြည့်နေရသည်။
ပိုက်ဆံအိတ်ကို ပုခုံးတဖက်ပေါ်သိုင်းလွယ်ကာ
ဒူးလောက်ကျသော ဘောင်းဘီခပ်ကျပ်ကျပ်နှင့် ခါးတိုအင်္ကျီအပေါ်မှာ ကုတ်အင်္ကျီထပ်လျှက်ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဥိးထွက်လာချိန်မှာတော့ Jake အဆောက်အအုံရဲ့ အကွယ်တစ်နေရာသို့အလျှင်အမြန်ပြေးဝင်ကာ ပုန်းလျှိုးကွယ်လိုက်သည်။

တွေ့ချင်မိလို့ ဒီနေရာကို ဒီလိုအချိန်မှာ ကွက်တိကျအောင် အချိန်မှီလာခဲ့ပါတယ်ဆိုမှ မျှော်နေသူက ရောက်လာပြန်တော့လဲ ပုန်းကွယ်နေမိတာ Jakeက ဘယ်လိုများရူးနှမ်းသွားသလဲနော်။ ရင်ဘတ်ကိုဖိကာ အသက်ဝဝရှူလိုက်ရင်း တွေ့ချင်နေမိသူကို ခိုးကြည့်ဖို့ နံရံအကွယ်ကနေ ခေါင်းထွက်ကာ ကြည့်လိုက်လေတော့ သူ့အရှေ့မလှမ်းမကမ်းတနေရာမှာ လက်ပိုက်လျှက်ရပ်နေသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရတော့ လိပ်ပြာလေးလွင့်ထွက်သွားသယောင် လန့်သွားရသည်။

"အဟမ်း...ရှင်းမ်ဂျိတ်ဟုတ်ပါတယ်နော်"

​သူလာစောင့်မျှော်နေတဲ့ အမျိုးသမီးပဲ။
သူမကို Jake ဟီးခနဲရီပြကာ နံရံအကွယ်မှ ထွက်လာခဲ့၍ လည်ကုတ်ကို အရှက်ပြေ ပွတ်သပ်နေမိသည်။

"အစ်မ...ရုံးဆင်းပြီလား"

"အင်းလေ အဲ့တာကြောင့် ငါထွက်လာတာ မင်းမြင်ရတာပေါ့...ဒါနဲ့ မင်းကဒီအကွယ်မှာ ဘာလုပ်နေတာလဲ"

အစ်မကို လာချောင်းနေတာလေလို့ ပြောလိုက်ရင်
Jakeကို သူမ ဘယ်လိုမြင်သွားမလဲ။ ဘာပြောရမှန်းမသိဖြစ်နေခိုက်...

MY LIGHT [ Completed ]✅✅Where stories live. Discover now