Part-3

23.3K 885 25
                                    

ထူးမြတ်မောင် အခန်းထဲသို့ ဝင်သွားလိုက်တော့ ပထမဆုံး တွေ့ရတာက အခန်းပုံစံဟာ သူမှန်းထားသလောက်လဲ ထူးဆန်းမနေပေ။ ပုံမှန် ဟိုတယ်ခန်းများကဲ့သို့ပင် ဖြစ်သည်။
အခန်း၏ အလယ်တွင် နှစ်ယောက်အိပ်ခုတင် တစ်လုံးရှိပြီး အဖြူရောင်အိပ်ရာခင်းပဲ ခင်းထားလေသည်။ အခန်းထောင့်တွင်တော့ ဘီဒိုအမဲ​​ရောင် နှစ်လုံးရှိပြီး ထိုနှစ်ခုလုံးက သော့ခတ်ထားပေသည်။ အနက်ရောင်ဆိုဖာနှင့် ဆက်တီတစ်စုံကတော့ ကုတင်နှင့် မလှမ်းမကန်းမှာ ရှိလေသည်။ အခန်းရဲ့ ပုံစံကတော့ လေ့လာရသလောက် လွန်စွာရိုးရှင်းပေသည်။ ဒါဆို Lucifer ကကော? သူတွေးရုံနှင့်ပင် ရင်ခုန်ရပေသည်။

အခန်းအနေအထားကို လေ့လာအပြီးမှာ လက်ကောက်ဝတ်မှ နာရီကို ကြည့်လိုက်တော့ ချိန်းချက်ထားသည့် အချိန်လဲ နီးကပ်နေပြီမို့ ပြင်ဆင်သင့်တာကို ပြင်ဆင်ထားရန် လုပ်ရတော့သည်။

အရင်ဆုံး သပ်ရပ်စွာဝတ်ထားသည့် မီးခိုးရောင် coat ကိုချွတ်လိုက်ပြီး ကုတင်ပေါ်မှာ တင်ထားလိုက်သည်။ပြီးနောက် necktie ကို ချွတ်လိုက်ပြီး အောက်မှဝတ်ထားသည့် shirt လက်ရှည် အနက်ရောင်၏ ကြယ်သီးများကိုလည်း တစ်လုံးဆီ ဖြုတ်ကာ ချွတ်လိုက်လေတော့ အဆီပိုတွေမရှိပဲ ဝင်းပလှသည့် သူ့ရဲ့ ခန္ဓာကိုယ်​လေးဟာ ပေါ်လာတော့သည်။ ဘယ်လောက်ပဲ ယောကျ်ားလေးလို့ဆိုဆို ရွှေဘုံထက်မှာနေလာသည်မို့ အသားအရောင်ဟာလဲ လှပလှပေသည်။

အရင်တုန်းကတော့ သူ့ရဲ့ခန္ဓာကိုယ်နဲ့ ပက်သက်ပြီး သိပ်အာရုံမထားပေမယ့် အခုလိုကြတော့လဲ သူ့ရဲ့ ခန္ဓာကိုယ်ဟာ သိပ်ကိုပြည့်စုံလွန်းသည်ကို တွေ့လိုက်ရတော့ ယုံကြည်မှုပိုတိုးရပြန်သည်။ ခန္ဓာကိုယ်အပေါ်ပိုင်း အားလုံး အဝတ်ကင်းမဲ့သွားပြီးနောက် သူ့ရဲ့ ခါးထက်မှ leather ခါးပတ်ကိုချွတ်ကာ ကုတင်ပေါ်တွင်ပဲ ပုံထားလိုက်ရသည်။ ထို့နောက် style pant ကိုပါချွတ်လိုက်တော့သည်။ ​ရွှေရောင် ဂိုင်းနှင့် မျက်မှန်လေးကိုလဲ ချွတ်ရန် မမေ့ပေ။ အားလုံးပြီးဆုံးသွားတဲ့ အခါမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင် boxer လေးတစ်ထည်သာ ကျန်ခဲ့လေတော့သည်။

Mr. SubmissiveWhere stories live. Discover now