Part-53

6.9K 692 107
                                    

မောင်တစ်ယောက် အိပ်မက်ထဲမှ နိုးထာလာသော်လည်း စူးကနဲ ထိုးကိုက်လာသည့် ခေါင်းကြောင့် မျက်နှာတစ်ခုလုံး ရှုံမဲ့မိသည်၊၊ ထို့နောက် မျက်လုံးတစ်စုံအား ကြိုးစားကာ ဖွင့် လိုက်လေတော့ ရင်းနှီးမှုမရှိသည့် အခန်းမျက်နှာကြက်အား တွေ့လိုက်ရတာမို့ အမြန်ပင် ဦးနှောက်ဆီသို့ memories recall လုပ်ရလေသည်၊၊

ထိုအခါမှ မနေ့ညက စိတ်ကြိုက်သောင်းကျန်းကာ ဟိုတယ်တစ်ခုမှာ လာဝင်အိပ်နေမှန်း ပြန်ကာ သတိရတော့သည်၊၊ အရင်ဆုံး နိုးနိုးခြင်း မောင် လက်လှမ်းမှီသလောက် ဖုန်းကို လိုက်စမ်းကြည့်လေသည်၊၊ ထို့နောက် ကုတင်ဘေးရှိ စားပွဲပေါ်မှာ အကောင်းအတိုင်း ရှိနေသေးသည့် မောင့်ရဲ့ ဖုန်းလေးကြောင့် ကျေးဇူးပင် တင်ရမလို ဖြစ်နေလေသည်၊၊

ထို့နောက် ဖုန်းကိုလှမ်းယူကာ power ဖွင့်ရင်း တစ်ဖက်ကလဲ hotel kitchen သို့ ဖုန်းဆက်ကာ အမူးပြေ သောက်စရာတစ်ခု လှမ်းမှာရလေသည်၊၊

ဖုန်းပြန်ဖွင့် လိုက်သည့် အခါမှာပဲ နီရဲနေသည့် missed call များဟာ မောင့်အား ဆီးကြိုလို့ နေလေတော့သည်၊၊ ဒီ့အတွက်တော့ မောင် သိပ်ပြီး စိုးရိမ်မနေတော့၊၊ ကိုယ်တိုင် ဂျစ်ပြီးရင်  နောက်ဆက်တွဲ ဘာတွေ ရင်ဆိုင်ရမလဲ ဆိုတာကို မောင်သိနေပြီးသား ဖြစ်ပေသည်၊၊

သို့သော် အခုချက်ချင်းတော့ မောင် Lucifer ဆီ မသွားချင်သေးပေ၊၊ လူက အရက်နာကျနေတာမို့ ခံနိုင်ရည် မရှိလောက်ပေ၊၊ ဒါ့ကြောင့် ဟိုတယ်က လာပို့သည့် ဖျော်ရည်ကို သောက်ကာ ခေါင်းကြည်သွားအောင် ရေစိမ်နေလိုက်သည်၊၊ ထို့နောက် ပြည့်စုံစီ ဖုန်းဆက်ကာ ဒီနေ့ ရုံးမတက်မဲ့ အကြောင်းနဲ့အတူ မှာစရာရှိတာများကို မှာကာ အခန်းကို နောက်ထပ် နေ့တစ်ဝက် ယူပြီး မောင် ပြန်အိပ်နေလိုက်တော့သည်၊၊

.
.
မောင် ထပ်ပြီးအိပ်နေလိုက်တာ ဘယ်လောက် ကြာသွားလဲ မသိတော့ပေ၊၊ Room service ဆီမှ bell တီးသံ ကြားသည့် အခါမှသာ မောင် နိုးလာလေတော့သည်၊၊ တစ်ရေးလောက် ထပ်အိပ်လိုက်တာမို့ လူက ခေါင်းကြည် သွားပြီ ဖြစ်ပြီး အိပ်ရာပေါ်ကနေ ကောက်ထကာ အဝတ်အစားအဟောင်းများကိုသာ ပြန်ဝတ်လိုက်ရတော့သည်၊၊ အားလုံး ပြင်ဆင်လို့ အပြီးမှာတော့ မှန်တစ်ဖက်ရှိ ပတ်ဝန်းကျင်မှာ မှောင်ရီပျိုးလို့ နေပြီ ဖြစ်လေသည်၊၊

Mr. SubmissiveWhere stories live. Discover now