Part-9

12.5K 712 56
                                    

နိုင်နိုင်းတစ်ယောက် သူ့ရဲ့အပြစ်အတွက် ရေချိုးခန်းထဲက ရေပန်းအောက်မှာ ဒူးထောက်ကာ လက်မြှောက်ထားသည်မှာ ဘယ်လောက်တောင် ကြာနေပြီလဲ မသိတော့။ ကျောင်းက ဌာနမှူးကိုယ်တိုင် Daddy ဆီကို ဖုန်းဆက်ကာ တိုင်ခဲ့သည်တဲ့။ အဲ့တာကြောင့် နိုင်နိုင်းတစ်ယောက် အိမ်ရောက်တာနဲ့ Daddy က သူ့ကို အဝတ်တွေအကုန်ချွတ်စေကာ boxer အမဲရောင်လေး တစ်ထည်တည်းနဲ့ ဒီရေပန်းအောက်မှာ ဒူးထောက်စေခဲ့သည်။

ပြီးနောက် အပေါ်ကနေ ရေပန်းကို ဖွင့်ချကာ အပြင်သို့ ပြန်ထွက်သွားသည်မှာ အနည်းငယ် ကြာနေလေပြီ။ ရေပန်းဆီက ကျလာတဲ့ ရေတွေဟာ ရေနွေးမဟုတ်ပေ။ တစ်ခါထဲ ရေအေးကိုပဲ ဖွင့်သွားခြင်းဖြစ်သည်။

ဒါ့ကြောင့် ခုဆို နိုင်နိုင်းဟာ ချမ်းလွန်းလို့ မြှောက်ထားတဲ့ လက်လေးတွေ တုန်နေသလို ၊ နှုတ်ခမ်းချင်းလဲ ရိုက်ချင်နေလေပြီ။ ရေချိုးခန်းဖြစ်တဲ့ အတွက် ကြွေပြားဟာ အချောမဟုတ်တာကြောင့် သူ့ရဲ့ ဒူးခေါင်းလေးဟာလဲ နာလွန်းလို့ ထုံနေလေပြီ။

Daddy က အခုထိ သူ့ကို ဘာမှ မဆူရသေး။ ဘာစကားမှ လာမပြောရသေးတာမို့ သူ့အပြစ်ဒဏ်က ဒီလောက်နဲ့တော့ မပြီးမှန်း နိုင်နိုင်းသိလိုက်သည်။ ဒါက ဒီတိုင်း Daddy စိတ်လျော့နေတဲ့ အချိန်မို့သာ ဖြစ်ပေသည်။

အခုအချိန်မှာ နိုင်နိုင်း သူ့ကို လာရိုက်မဲ့  Daddy ကိုပဲ မျှော်လင့်မိသည်။ ဘာလို့ဆို ဒီလို ဘာမှမပြောပဲ ထားသွားရင် ဘယ်လောက်ကြာနိုင်မလဲ မသိပေ။ သူက သိပ်ဟန်ချင်တော့တာမဟုတ်ပေ။

ကျွီ~

ထိုအချိန်မှာပင် ရေချိုးခန်း တံခါးပွင့်လာပြီး Daddy ဝင်လာလေသည်။ ဒါ့ကြောင့် နိုင်နိုင်းရဲ့ ပြိုတော့မဲ့ မိုးလို မျက်နှာလေးဟာ အနည်းငယ် မျှော်လင့်ချက်ရှိသွားပေသည်။

*Daddy *

Daddy ဟာ ရောက်တာနဲ့ သူ့ကို တစ်ချက်ကြည့်ကာ အပေါ်က ကျနေတဲ့ ရေပန်းကို ပိတ်လိုက်လေသည်။ ထို့နောက် အရှေ့က bathtube ရဲ့ ဘောင်ပေါ်မှာ ထိုင်ကာ ဒူးထောက်နေတဲ့ နိုင်နိုင်းကို ငုံ့ကြည့်လာသည်။

*ဘာပြောစရာရှိလဲ ကလေးလေး *

နိုင်နိုင်း Daddy ရဲ့ တည်ငြိမ်အေးစက်စွာ မေးတဲ့ အသံကြောင့် မြှောက်ထားတဲ့ လက်ကို ကျစ်နေအောင် ဆုပ်ကာ အပြစ်ဝန်ခံရတော့သည်။

Mr. SubmissiveWhere stories live. Discover now