Part-66

6.5K 555 27
                                    

မောင်နှင့် Lucifer နှစ်ယောက်သားလုံးမှာ မည်မျှလောက်ကြာအောင် အနမ်းများဖလှယ်ရင်း ကုန်ဆုံးသွားသလဲ မသိပေ၊၊ သို့သော် မောင် Lucifer ၏ ပါးနှစ်ဖက်အား ဟန်ပါပါ ကိုင်ကာ အနမ်းနွန်ထဲနစ်နေသည့် အချိန်၌ပင် မောင့်၏ ပါးပြင်၌ ခံစားမိသည့် စိုစွတ်မှုလေး တစ်ခုဟာ မောင်တို့ နှစ်ယောက်အား လက်ရှိအခြေအနေအနေသို့ ပြန်လည် ခေါ်ဆောင်ပေးလာလေတော့သည်၊၊

ထို့ကြောင့် နှစ်ယောက်သားလုံး လူချင်းခွာပြီးပြီးချင်းပဲ မောင် Lucifer အား ကြည့်လိုက်သည့်အခါ ထိုစိုစွတ်မှုဟာ Lucifer ၏ မျက်ဝန်းထဲမှ စီးဆင်းလာခြင်း ဖြစ်မှန်း မောင် သိလိုက်ရပေတော့သည်၊၊

ချစ်ရသူ၏ မျက်ရည်အား မျက်စိရှေ့၌ မြင်လိုက်ရသည့်အခါ မောင်ကိုယ်တိုင်လဲ အသက်ရှူအောင့်မတတ်ပင် ကိုယ့်ကိုကိုယ် ပြန်လည်ကာ ထိန်းချုပ်ရလေတော့သည်၊၊ ထို့နောက် မောင့်၏ လက်မလေးနှင့် Lucifer ၏ မျက်ခမ်းစပ်မှ လက်ကျန်မျက်ရည်များအား ပွတ်သုတ်ပေးလိုက်ကာ Lucifer အား ဘာမှမဖြစ်ဘူးဟူသည့် သဘောဖြင့် မောင် ခေါင်းကိုသာ အသာခါပြလိုက်လေတော့သည်၊၊

ထိုအခါ Lucifer ဟာ မောင့်လက်ဖဝါးအပြည့်လောက်နီးနီး အနာကပ်ပလာစတာအား တွေ့သွားလေတော့သည်၊၊ ထို့ကြောင့် ချက်ချင်းပင် မောင့်လက်နှစ်ဖက်အား ဆွဲယူကာ လှန်ကြည့်လေတော့သည်၊၊Lucifer ဟာ မောင့်၏ ဒဏ်ရာအား အတော်အတန်ကြည့်ပြီးသည့် အခါ ဆို့နစ်နေသောအသံဖြင့် မောင့်အား စတင်ကာ စကားပြောလာလေတော့သည်၊၊

*ဒီဒဏ်ရာက ကျွန်တော့်ကို အပြင်ထုတ်ဖို့ ကြိုးစားရင်း ရခဲ့တာမဟုတ်လား မောင်*

Lucifer ဘက်က သူ့ကိုယ်သူအပြစ်တင်နေသော အကြည့်များကြောင့် မောင့်ရင်ထဲလဲ တကယ်မကောင်းမိပေ၊၊
ထို့ကြောင့် လှိုက်တက်လာသည့် ဝမ်းနည်းမှုအား မောင် ပြန်လည်ကာ မြိုချကာ ipad အားဖွင့်ပြီး စကားလုံးအချို့ကို စတင်ရိုက်ထည့်လိုက်လေတော့သည်၊၊

*အသေးအဖွဲဒဏ်ရာလေးပါ Lucifer ၊၊ မောင် ဘာမှမဖြစ်ပါဘူး *

Lucifer ဟာ မောင့်၏ လှုပ်ရှားမှုများကို တစ်ခုမကျန် အကုန်အစင်လိုက်ကြည့်နေမှန်း မောင်သိပေသည်၊၊ ထိုအခါ မောင် ipad နှင့် စာရိုက်ကာ သူ့အား ပြလိုက်သည့်အခါမှာတော့ လက်ရှိ မောင့်၏ အခြေအနေအား Lucifer ဟာ ချက်ချင်းပင် သတိထားမိသွားပုံရလေသည်၊၊

Mr. SubmissiveWhere stories live. Discover now