Part-23

11.9K 809 109
                                    

ဒေါက်...ဒေါက်...ဒေါက်...

မောင့်အတွက်တော့ ဒီတံခါးခေါက်သံဟာ ဘဝမှာ ကြောက်ဖို့ အကောင်းဆုံး အသံပင် ဖြစ်ပေသည်။ ထိုတံခါးရဲ့ နောက်မှာ ရပ်နေမဲ့ မောင့်ရဲ့ အရှင်သခင်ကို မောင် ဘယ်လိုရင်ဆိုင်ရမလဲ ဆိုတာကိုလဲ မောင် တကယ် မသိတော့ပေ။ လုပ်ချင်တာလုပ်ပြီး အခုတော့ တကယ် ကြောက်နေပြီဆိုတာ မောင် ဝန်ခံပါရစေ။

*ဝင်ခဲ့ပါ *

မောင် အတင်းအားတင်းကာ ပြောလိုက်တော့ အသံက တကယ့်ကို သေးသေးလေးသာ ထွက်လာတော့သည်။ ဒီအခန်းက မောင့်ရဲ့ ရုံးခန်း၊ ဒီ company က မောင့်ရဲ့ company ၊ ဒါတွေအားလုံးကို မောင် ပိုင်ပေမယ့်၊ မောင့် စိတ်တိုင်းကျသာ ဖြစ်ပေမယ့်  မောင့်ကို ပိုင်တဲ့သူ​ရှေ့မှာတော့ မောင် ငြင်းဆန်ခွင့်မရှိပေ။

ဂျောက်~

ထိုအချိန်မှာပဲ မောင့်ရဲ့ ရုံးခန်းတံခါးဟာ ပွင့်လာပြီး အရင်ဆုံး Lucifer ရဲ့ Nike air force sneaker အဖြူစွတ်စွတ်လေးက မြင်ကွင်းထဲကို အရင်ဆုံး ပေါ်လာလေသည်။ ပြီးနောက် ဂျင်းဘောင်းဘီ အပြာနုရောင်ဝတ်ထားတဲ့ ခြေတန်ရှည်တစ်စုံနဲ့အတူ မောင့်ကို စူးစိုက်ကြည့်ကာ ရုံးခန်းထဲသို့ တစ်လှမ်းချင်း ဝင်လာလေတဲ့ Lucifer။ ဝင်လာကတည်းက ရုံးခန်းတံခါးကို lock ခတ်လိုက်တာ မောင်တွေ့လိုက်ပါ​​သေးသည်။

*Lu...Lucifer... *

မောင်ကတော့ အပြစ်လုပ်ထားလျှင် ပါးစပ်က ဘာမှမထွက်တော့တာမို့ အရှင်သခင် ဖြစ်သူရဲ့ အနည်နာမကိုသာ ရေရွတ်မိလေသည်။ မောင့်ဆီလျှောက်လာနေတဲ့ Lucifer ကိုတော့ မော့ကြည့်ပြီး ရင်မဆိုင်ရဲပါ။ ဒီတိုင်း စားပွဲခုံရှေ့မှာ ထီးထီးကြီး မတ်တပ်ရပ်ကာ မျက်လွှာချထားမိလေသည်။

ထို့နောက် Lucifer ရဲ့ ခြေထောက်တစ်စုံက မောင့်နားကို ရောက်လာတာ မြင်တာမို့ မောင် ပိုလို့ ခေါင်းကို ငုံ့ထားလိုက်ကာ မျက်လုံးပါ ရောင်ပြီး မှိတ်လိုက်မိသေးသည်။ Lucifer က လာလာခြင်း ေမာင့်ကို စီးပြီး ရိုက်မည်လို့ ထင်ထားတာ။ ဒါပေမယ့် မောင့် အတွေးနဲ့ မတူစွာပင် Lucifer က မောင့်ကို ကျော်သွားကာ၊ တစ်ဖက်က မောင့်ရဲ့ အလုပ်စားပွဲက မောင်ထိုင်နေကြ leather  စုံလည် ထိုင်ခုံကြီးမှာ ခြေချိတ်ကာ ဝင်ထိုင်လိုက်လေသည်။

Mr. SubmissiveWhere stories live. Discover now