Part-34

8.8K 574 37
                                    

ထူးမြတ်မောင်ဆိုတဲ့ မောင့်ရဲ့ ဘဝမှာ အကြီးမားဆုံး အောင်မြင်မှုတစ်ခုဖြစ်သည့် HM Entertainment ဟာ ဆိုလျှင် 10 နှစ်ဟူသည့် သက်တမ်းရှိခဲ့ပြီဖြစ်လေသည်၊၊ အသက် 20 စွန်းစွန်းအရွယ် မောင်ဟာ ဖေဖေ့နေရာကို အစ်ကိုကြီးနှင့် ပြိုင်မလုခဲ့ပဲ ကိုယ်ယုံကြည်ရာကို  အောင်မြင်အောင်လုပ်ရန် ဆုံးဖြတ်ချက်ဖြင့် ဤ Entertainment ကို တည်ထောင်ခဲ့ခြင်းဖြစ်ပေသည်၊၊

ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲပေါင်းများစွာနှင့်အတူ တစ်ဖက်မှာလဲ အောင်မြင်မှုများစွာကလဲ မောင့် ဘဝတစ်လျှောက်လုံးမှာ ဒွန်တွဲကာ ပါလာခဲ့သည်မှာ ယခုတော့ ဆယ်စုနှစ်တစ်ခုပင် ရှိခဲ့ပြီဖြစ်လေသည်၊၊ HM ရဲ့
10th Anniversary ဖြစ်သောကြောင့် ယနေ့ည ပြုလုပ်မည့်ပွဲဟာ media အားလုံး၏ ပထမဦးစားပေးသာ ဖြစ်လို့နေလေသည်၊၊ထို့အတူပင် Company ၏ 10 နှစ်ပြည့် Anniversary မို့ ဖျော်ဖြေရေး ကဏ္ဍမှာလဲ Company က artist များကိုသာ နေရာပေးထားပြီး အခြား လုပ်ငန်းရှင်များနှင့် လုပ်ငန်းပြိုင်ဖက်များကိုပါ ဧည့်သည်တော် အဖြစ်ဖိတ်ကြားထားလေသည်၊၊
ဤမျှလောက်ကြီးမားသည့် ပွဲဟာ မောင့် အတွက် လုံးဝကို အမှားခံလို့ မဖြစ်ပေ၊၊

HM ရဲ့ founder ဆိုတဲ့ ရာထူးအပြင် public figure ဆိုတဲ့ image ဟာလဲ ရှိနေတာမို့ မောင်ဟာ ယနေ့ညအတွက် အတောက်ပဆုံးဖြစ်နေရပေမည်၊၊ ဒါ့ကြောင့် အကောင်းဆုံး designer team ကိုငှားကာ မောင့်အတွက် ဝတ်စုံကို ချုပ်လုပ်စေခဲ့ခြင်း ဖြစ်သည်၊၊ သို့ပေမယ့် ထိုဝတ်စုံ design ဟာ Lucifer ကိုယ်တိုင် မောင့်အတွက် ရွေးချယ်ပေးခဲ့တာ ဖြစ်ပြီး မောင်ကလဲ ဘာ complain မှမတက်ပဲ ထိုဝတ်စုံကိုသာ ယနေ့ အတွက် ဝတ်ဆင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်၊၊

လွှမ်းမိုးခံရခြင်းကို နှစ်သက်သည့် Sub mindset ရှိသည့် မောင့်အတွက်တော့ ကိုယ့်ဘဝရဲ့ အောင်မြင်မှု တစ်ဆစ်ချိုးတိုင်းမှာလဲ Dominant ဖြစ်သူက  ဝတ်စုံကအစ control လုပ်ကာ စီမံပေးလာတာမို့ များစွာ ကျေနပ်ပီတိဖြစ်ရပေသည်၊၊

Coat ရဲ့ column ပေါ်မှာ အရောင် လက်ထနေသည့် စိန်ပွင့်လေးများစီထားသည့် အဖြူရောင် suit ဟာ မောင့်ရဲ့ ကိုယ်ပေါ်မှာ အပိုအလိုမရှိ ၊ ကွက်တိကို ကျလို့ နေလေသည်၊၊  Designer ဖြစ်သူက necktie တပ်ပေးသည်ကို မောင် ခံယူနေရင်း ကိုယ်လုံးပေါ် မှန်ထဲမှာပေါ်နေသည့် ပုံရိပ်ကို အသေအချာကို အကဲခတ်နေမိသည်၊၊ နက်မှောင်နေသည့် ဆံပင်များကို ခန့်ညားနေစေရန် အပေါ်သို့ လှန်တင်ထားသည့်ပုံဟာ တကယ်လဲ မောင့်ကို အရှိန်အဝါတစ်ခု ရှိစေပြန်သည်၊၊ နှာတံစင်းစင်းနှင့် မေးရိုးများထင်းနေပြီး မြင်ရသူအဖို့ မထိတထိ ဖြစ်သွားစေနိုင်သည့် အပြုံးကို အမြဲ တပ်ဆင်ထားသည့် နှုတ်ခမ်းတစ်စုံနှင့် မောင်ဟာ ဒီနေ့ညအဖို့ တကယ်ကို ပြီးပြည့်စုံနေပေသည်၊၊

Mr. SubmissiveWhere stories live. Discover now