Part-32

8.9K 640 46
                                    

လှိုင်းပုတ်သံ တစ်ထပ်ထပ်နှင့် လေညှင်းလေးတွေ တိုက်ခတ်နေတဲ့ ကမ်းခြေတစ်ခု ၊၊ လေအဝှေ့မှာ တစ်လူလူလွင့်နေသည့် အဖြူရောင် လိုက်ကာများနှင့်အတူ ပန်းတွေနှင့် အလှဆင်ထားသည့် stage တစ်ခု ဟာလဲ ပင်လယ်ကြီးကို နောက်ခံထားကာ သိပ်ကို လှပလျက်ရှိပေသည်၊၊ ကြည့်ရတာ ထိုနေရာမှာ မကြာခင် မဂလာပွဲကျင်းပတော့မည့် နေရာထင်ပါသည်၊၊

ထူးခြားတာ တစ်ခုကတော့ ထိုနေရာမှာ မည်သည့် ဧည့်သည် တစ်စုံတစ်ယောက်မျှ မရှိပဲ တိတ်ဆိတ်နေခြင်းဖြစ်ပေသည်၊၊ ဒါပေမယ့်လဲ ထိုနေရာလေးဟာ သိပ်ကို romantic ဆန်လှပေသည်၊၊ ပန်းလေးတွေနှင့် အလှဆင်ထားသည့် ထို stage ထပ်မှာတော့ အရပ်အမောင်းမြင့်မားကာ အဝေးမှကြည့်တာတောင် ချောမောခန့်ညားနေသည့် အမျိုးသားတစ်ယောက်ဟာ suit အဖြူကိုသပ်ရပ်စွာ ဝတ်ဆင်ထားကာ ဖြောင့်မတ်စွာ ရပ်နေလေသည်၊၊

ခပ်ရေးရေးပင် ပြုံးနေပေမယ့် သိပ်ကို ကြည့်ကောင်းတဲ့ ထိုအမျိုးသားလေးဟာ သူ့ဆီသို့ လျှောက်လာနေတဲ့ နောက်ထပ် အမျိုးသားတစ်ယောက်ကို ချစ်ရည်ရွှန်းလဲ့နေသည့် အကြည့်တို့နှင့် ဆီးကြိုလို့နေလေသည်၊၊ တစ်ဖြည်းဖြည်းနဲ့ ထိုလူသားနှစ်ယောက်ရဲ့ ပုံရိပ်တို့ဟာ နီးစပ်သထက် နီးကပ်လာပြီး suit အဖြူဝတ်ထားသည့် အမျိုးသားလေးရဲ့ မျက်နှာကို ထင်ရှားစွာ မြင်လာရပေသည်၊၊

*Lucifer. ..*

ရုတ်တရက် မောင့်ရဲ့ ပါးစပ်ကနေ Lucifer ရဲ့ နာမည်ကို ရေရွတ်မိသွားလေသည်၊၊

*ဟမ် နေပါဦး ငါက ဘာလို့ လမ်းလျှောက်လာနေတဲ့ သတိုးသားတစ်ယောက်နေရာရောက်နေရတာလဲ *

ခုဏကအထိ ထိုလူသားနှစ်ယောက်ရဲ့ ပုံရိပ်ကို ရပ်ကြည့်နေသလိုသာ မြင်နေရတဲ့ မောင်ဟာ အခုတော့ ကိုယ်တိုင် stage ရှိရာဆီသို့ လမ်းလျှောက်ကာ သွားနေသည့် သတိုးသားနေရာမှာ ဖြစ်နေလေသည်၊၊ ထို့အပြင် သူနဲ့ လက်ထပ်မဲ့နေရာမှ သူမှာလဲ Lucifer ဖြစ်နေသဖြင့် မောင့်ရဲ့ စိတ်ထဲမှာ ကြောင်အလို့နေပေသည်၊၊

ဒါပေမယ့် မောင်ရပ်တန့်လို့မရပေ၊၊ စိတ်ထဲကနေ ငါက ဘာလို့ မဂလာဆောင်ရမှာလဲလို့ တွေးနေပေမယ့် လျှောက်သွားနေတဲ့ ခြေလှမ်းတွေဟာ လုံးဝကို မရပ်တန့်ခဲ့ပေ၊၊ ထို့နောက် Lucifer ရပ်နေသည့် အရှေ့ကို ရောက်သွားတဲ့ အခါမှာတော့ Lucifer က မောင့်ကို ပြုံးကာ ကြည့်လေသည်၊၊ နောက်တော့ ဒူးတစ်ဖက်ကို ထောက်ချလိုက်ကာ ဘူးလေးထဲမှ လက်စွပ်ကို ထုတ်ပြီး ...

Mr. SubmissiveWhere stories live. Discover now