Part-25

9.7K 645 43
                                    

သူသူတို့ရဲ့ Bangkok ခရီးစဥ်လေးဟာ အထမြောက်ခဲ့ပြီး နောက်ဆုံးတော့ သူသူနဲ့ ဟန်နီပါ မက ကျန်တဲ့ သူငယ်ချင်း သုံးယောက်စလုံးပါ အတူတကွ လိုက်ပါလာကြလေသည်၊၊ အကြောင်းမှာတော့ ခရီးထွက်ဖို့ဆို ထိပ်ဆုံးက အလွတ်မခံတတ်တဲ့ အမွှာနှစ်ကောင်ရဲ့ စနက်ကြောင့်ပင် ဖြစ်ပေသည်၊၊ အစကတော့ သူသူနဲ့ ဟန်နီနဲ့ပဲ အတူသွားကြရန် စီစဥ်ထားပေမယ့် အမွှာနှစ်ကောင်ကလဲ ပါမယ်ဆိုတော့ နိုင်နိုင်းဟာ တစ်ယောက်ထဲ လုံးဝ ကျန်မနေခဲ့ချင်တော့ပေ၊၊

ဒါ့ကြောင့် Daddy ဆီကို အလွယ်တကူ ခွင့်ပြုမယ်ထင်ပြီး ခွင့်တောင်းခဲ့ပေမယ့် စိတ်မကောင်းစွာနဲ့ပဲ Daddy က ငြင်းဆိုခဲ့လေသည်၊၊ အခုတလော Daddy က နိုင်နိုင်း အပေါ်ကို လိုတာထပ်ပိုပြီး တင်းကြပ်နေပြီး အေးစက်တဲ့ မျက်နှာထားနဲ့  ခပ်လန်းလန်း မမတစ်ယောက်ကိုလဲ bodyguard အနေနဲ့ ထားပေးထားပြန်သည်၊၊

အကြောင်းပြချက်ကို မေးပြန်တော့လဲ Daddy က သူ့ကို ရန်ပြုလိုတဲ့ သူတွေများနေတာမို့ နိုင်နိုင်းအတွက်လဲ လုံခြုံရေးကို သူ့နည်းတူ တင်းကျပ်ထားသင့်သည် ဟု ပြန်ပြီး အဖြေပေးခဲ့လေသည်၊၊ ဒါပေမယ့်လဲ နိုင်နိုင်းဟာ လူငယ်လေးတစ်ယောက်ဖြစ်တာမို့ ဒီလို သတိတစ်ကြီးနဲ့ ဘယ်လောက်များ ကြာကြာ နေနိုင်လိမ့်မှာလဲ ၊၊ ကျန်တဲ့ အချိန်တွေ နိုင်နိုင်း သည်းခံပြီးနေပေးပေမယ့် အခုက သူငယ်ချင်းတွေနဲ့ ခရီးသွားရမဲ့ အရေးဖြစ်တာမို့ နိုင်နိုင်း သည်းမခံချင်တော့၊၊ မလိမ္မာချင်တော့ပေ၊၊

ဒါ့ကြောင့် နိုင်နိုင်း Daddy နဲ့ စကားအခြေအတင် ဖြစ်ခဲ့ပြီး နောက်ဆုံး Daddy နယ်ဘက်ကို နေ့ချင်းပြန် အစည်းအဝေး တစ်ခု သွားတက်တဲ့ အချိန်မှာ နိုင်နိုင်း လစ်ထွက်လာခဲ့ ခြင်းဖြစ်ပေသည်၊၊အဲ့လိုနဲ့ပဲ နိုင်နိုင်း အစွမ်းကုန် ဆိုးပစ်လိုက်ကာ အခု Bangkok မြို့ပေါ်မှာတောင် ခြေချနေပြီ ဖြစ်လေသည်၊၊  ဒါပေမယ့် Laila ဆိုတဲ့ မမ ကတော့ နိုင်နိုင်း ဘယ်လို နားပူနားဆာ လုပ်ပြီး ခြိမ်းခြောက်လဲ တစ်ချက်မှ မယိမ်းယိုင်ပဲ ဒီ Bangkok အထိ နိုင်နိုင်းတို့ အုပ်စုနဲ့အတူ ပါလာတော့သည်၊၊

*ဝိုး... တကယ်ပဲ နေရာအသစ်ကို ခရီးထွက်လာရတာ ဒီက မတူညီတဲ့  လေထုကို ရှူရှိုက်ရရုံနဲ့တင် fresh ဖြစ်သွားတယ်*

Mr. SubmissiveWhere stories live. Discover now