Part-71

7.2K 507 26
                                    

ဒီတစ်ပတ်တာလုံးဟာ စီးပွားရေးလောကတွင်သာမက၊ အနုပညာလောကအပါအဝင် ရဲမှုရဲခင်းဆိုင်ရာလောကတွင်ပါ ပွက်လောရိုက်သွားသော အချိန်ပင် ဖြစ်ပေသည်၊၊

HM group ရဲ့ စွန့်ပစ်ခြင်းခံလိုက်ရသည့် ထူးမြတ်မောင်ဟာ နာရီပိုင်းအတွင်းမှာပင် Empire Group၏ ရှယ်ယာအများဆုံး ပိုင်ဆိုင်သူ ဖြစ်လာခဲ့ပြီး အားလုံး ထင်ထားခဲ့သည့် အနာဂတ် Empire ၏ ပဲကိုင်ရှင်ဖြစ်သူ ဇမ်ဟာ ဦးဖုန်းမြင့်အောင်အား သတ်ရန်ကြံစည်မှုဖြင့် စစ်ဆေးခံနေရသည့် အနေအထား ဖြစ်သွားရပြန်သည်၊၊ ထို့အပြင် ဇမ်နှင့် ပက်သက်၍ နောက်ဆက်ဆွဲ ကျူးလွန်ထားသည့် ရာဇတတ်မှုများဟာလဲ တစ်စတစ်ဆ ထွက်ပေါ်လာလေတော့သည်၊၊ 

ဂိုထောင်မတော်တစ်ဆမှုနှင့် ပက်သက်၍ ကာရံဟာ Win အား အန္တရာယ်ကြားထဲ၌ ထားခဲ့ကာ ကိုယ်လွတ်ရုန်းခဲ့သည်ကို ဝန်ခံခဲ့ပြီး ပုရိသတ်များအား တရားဝင် တောင်းပန်လာခဲ့လေသည်၊၊ သို့သော် ဇမ်နှင့် ပက်သက်ခဲ့သည့် အရာများအတွက်တော့ သူသိသမျှဟာ အစီအစဥ်၏ တစ်စွန်းတစ်စသာ ဖြစ်ပြီး စစ်ဆေးရေးခန်းထဲ၌ ပူးပေါင်းကာ သိသမျှ အကုန်အစင် ဝန်ခံပေးခဲ့သဖြင့် ပစ်ဒဏ်လျော့ပေါ့မှုရရှိခဲ့ပြီး ဒဏ်ငွေနှင့် စောင့်ကြည့်ကာလသာ ကျရောက်ခဲ့လေသည်၊၊

ထို့အပြင် ဇမ်၏ နှုတ်ဖျားမှ ထွက်လာသည့် ပူးပေါင်းပါဝင်သူ အမည်ကြောင့် ယခုဆို နေမဝင်ဟာ နှစ်နိုင်ငံကြား အလိုရှိသည့် ရာဇဝတ်သား ဖြစ်လာပေတော့သည်၊၊

ဤကဲ့သို့ အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားအပြီးမှာတော့ တစ်ပတ်ပြည့်သည့်နေ့မှာပင် Empire Group ၌ တရားဝင် ဥက္ကဋ္ဌခန့်အပ်ပွဲအတွက် ရှယ်ယာရှင် အစည်းအဝေးကို ထပ်မံ ကျင်းပခဲ့ပြီး ထူးမြတ်မောင် ဟူသည့် မောင်ဟာ Empire ၏ တရားဝင် ဥက္ကဋ္ဌရာထူးကို ရရှိခဲ့ပေတော့သည်၊၊

ရုတ်တရက်ဆန်လှသည့် ရှယ်ယာလွှဲပြောင်းပေးမှုများဟာ လူတိုင်းအတွက် ယုံရန် ခက်ခဲခဲ့ပေမယ့် ဦးဖုန်းမြင့်အောင် ထံမှ မောင်ကိုယ်တိုင် ဝယ်ယူခဲ့သည်ဟူသော စာချုပ်သက်သေ၊ လူသက်သေများနှင့်အတူ ၊ ဦးဖုန်းမြင့်အောင်၏ သေတမ်းစာအား ဖွင့်ဖောက်ပြီး ဖတ်ခဲ့သည့် အကြောင်းအရာအရ မောင့်ထံသို့ ရှယ်ယာများ လွှဲပြောင်းပေးခဲ့သဖြင့် ရရှိသည့် ငွေအားလုံးအား သက်ဆိုင်ရာ လိုအပ်နေသည့်အဖွဲ့အစည်းများအား အကုန်အစင် လှူဒါန်းသွားပါမည် ဟူသော သေတမ်းစာပါ အချက်အလက်များကြောင့်ပါ လူအများဟာ မောင့်အား သံသယကင်းစွာ လက်ခံပေးလာလေတော့သည်၊၊ 

Mr. SubmissiveWhere stories live. Discover now