Final

8.8K 569 48
                                    

နံနက်စောစောအချိန်ပင် ဖြစ်သော်လည်း အပြည်ပြည် ဆိုင်ရာ လေဆိပ်ကြီးတွင်တော့ လူအများ ပြည့်နှက်စွာ လှုပ်ရှားသွားလာနေကြဆဲဖြစ်ပေသည်၊၊ မောင် ကိုယ်တိုင်သည်လဲ မနေ့ကအထိ လွတ်လပ်ချင်သလို လွတ်လပ်နေရာမှ မနက်စောစော ကုန်းရုန်းထကာ ပုံစံကို သေချာသပ်ရပ်အောင် ပြင်ဆင်ကာ ကိုယ်တိုင် ကားမောင်းရင်း လေဆိပ်ဆီသို့ ရောက်လာရလေတော့သည်၊၊

လေဆိပ်ရောက်တော့လဲ မောင်ဟာ အများသိနေတဲ့ မျက်နှာကြောင့် ကားထဲမှာပဲ ထိုင်နေ၍ ရသော်လည်း မောင် ကိုယ်တိုင်ကိုက Lucifer နဲ့ ပက်သက်လျှင် ဂုဏ်ဆာတတ်သည့် ချစ်သူမို့ ကားအပြင်သို့ ထွက်ရပ်ကာ ကားတံခါးအား မှီကာရပ်ရင်း Lucifer ထွက်အလာအား စောင့်နေလိုက်လေသည်၊၊

တံတောင်ဆစ်အထိလက်ခေါက်ထားသည့် Shirt အနက်ရောင်အား ကြယ်သီး သုံးလုံးခန့်ဖြုတ်ကာ style pant အနက်ရောင်နှင့်အတူ တွဲဖက်ဝတ်ဆင်ထားသည့်အခါ မောင်ဟာ လူတိုင်း၏ မျက်လုံးထဲမှာ လွန်စွာမှ အထာကျသည့် ဘဲကြီးတစ်ယောက် ဖြစ်နေလေတော့သည်၊၊ ထို့အပြင် နေကာမျက်မှန်လေးကိုပါ ထုတ်ကာ ဝတ်ဆင်လိုက်သည့်အခါ ဖြတ်သွားဖြတ်လာများပင် မောင့်ထံမှ အကြည့်မလွှဲနိုင်ကြတော့ပေ၊၊

ထို့နောက် မကြာလိုက်ပေ ၊၊ Fan အများစု ဝန်းရံကာ ထွက်လာနေသည့် မောင့်၏ အရှင်သခင်လေးအား တွေ့လိုက်ရတော့သည်၊၊ ဒီနေ့  Paris မှ ပြန်လာမည်မှန်း အတိအလင်းမပြောထားသော်လည်း လွန်စွာ တော်လွန်းလှသည့် စုံထောက်လေးတွေဟာ ကြိုရောက်နေနှင့်ကြပြီး ဖြစ်လေသည်၊၊

လူအုပ်ကြားထဲမှာ ထင်းထွက်နေသည့် Lucifer ၏ အရပ်အမောင်းကြောင့် မောင့်အနေနှင့် အဝေးကပင် Lucifer အားတွေ့နေရပေသည်၊၊ နေကာ မျက်မှန်အား ခေါင်းနောက်သို့ နောက်ပြန်တပ်ထားကာ ပုံမှန် ဝတ်နေကြ fashion တစ်ခုဖြစ်သည့် Hoodie အပြာရင့်ရောင်အား ဝတ်ဆင်ထားတာမို့ လူအများကြားထဲတွင် ပိုလို့တောင် ထင်းနေသေးပေသည်၊၊

လူက အနည်းငယ် များသော်လည်း fan များဟာ စည်းကမ်းရှိသည့်အပြင် မောင် ခန့်ပေးထားသည့် ကိုယ်ရံတော်တွေကလဲ အတော်လေး တာဝန်ကျေတာမို့ Lucifer ဟာ လူအုပ်ကြားထဲမှ မောင့်ဆီသို့ တန်းမတ်စွာ ရောက်လာလေတော့သည်၊၊ Lucifer ကားနား ရောက်သည့် အခါမှာတော့ ကိုယ်ရံတော်များဟာ လမ်းအား တားလိုက်ပြီး fan များကို ဆက်မလိုက်ရန် တားလိုက်လေတော့သည်၊၊ Fan များဟာလဲ Lucifer ၏ ဆုံးမစကားများကြောင့် လွန်စွာမှ စည်းကမ်းရှိလှပေသည်၊၊ အတင်းတိုးဝှေ့မနေကြတော့ပေ၊၊

Mr. SubmissiveWhere stories live. Discover now