Part-30

11.8K 651 55
                                    

မောင့်ရဲ့ Audi r8 sports car အပြာလေးဟာ အမိုးတောင်မပိတ်ပဲ Lucifer ရှိတဲ့ ကွန်ဒိုထဲသို့ ရုတ်တည်နဲ့ပင် ဝင်လာခဲ့လေသည်၊၊ နောက်တော့ ကား ပါကင်မှာ အထာကျကျ ပါကင်ထိုးလိုက်ပြီး ဘေးဘက်ခုံဆီက စာအိတ်အညိုရောင်လေးကိုပါ တစ်ပါထဲ ယူဆောင်လာခဲ့လေသည်၊၊ ထို့နောက် ကားသော့လေးကို လှည့်ကာပေါ့ပေါ့ပါးပါးပင် Lucifer နေတဲ့ အထပ်ဆီသို့ ဓာတ်လှေကားနှင့် တက်လာခဲ့တော့သည်၊၊ လူက ခုဏကမှ အခြားသူတွေကို အနိုင်ပိုင်းပြီး ထွက်လာတာမို့ စိတ်လက်တို့က တက်ကြွနေလေသည်၊၊

တင် !

ဓာတ်လှေကားဟာ မောင်နှိပ်ထားတဲ့ အထပ်ကို ရောက်ပြီမို့ သူ့တာဝန်အတိုင်း ပွင့်လာပြီး မောင်ကလဲ ဘောင်းဘီအိတ်ကပ်ထဲကို လက်တစ်ဖက်ထည့်ကာ Lucifer ရှိနေတဲ့ ထောင့်ဆုံး အခန်းကို သွားလိုက်လေသည်၊၊

"Oh ! ဒီနေ့က တော့ ငါ့နေ့ပဲဟေ့ "

လျှောက်လာနေရင်းကမှ မောင့်ရဲ့ ခြေလှမ်းတို့ဟာ Lucifer အခန်းရှေ့ကို မရောက်ခင်လေးမှာ မထင်မှတ်ထားတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတာမို့  ခေတ္တ ရပ်နားသွားပြီးနောက် မောင် စိတ်ထဲကနေ ရေရွတ်လိုက်သေးသည်၊၊ 

ထိုကောင်လေးကလဲ မောင့်ကို တွေ့သွားပြီး ကြည့်လာသဖြင့် မောင် ခြေလှမ်းကို ခပ်မှန်မှန်ပဲ လှမ်းကာ အခန်းရှေ့ထိ လျှောက်သွားလိုက်သည်၊၊

*ဝိုး ! CEO ကြီးပါလား ၊၊ Hi ! *

ဒီကောင်လေး သူ့အဖေနဲ့ ရာထူးအတူရှိနေတဲ့ မောင့်ကိုတောင် မရိုမသေနဲ့ လာနှုတ်ဆက်နေတာ၊ တကယ်ထောင့်မကျိုးပေ၊၊

*မင်းက ?...*

မောင် ထိုကောင်လေးကို သိပေမယ့် သက်သက်မဲ့ မသိသလိုမျိုး မေးလိုက်လေသည်၊၊ ဆိုလိုတာက သူ့လို ကလေးလောက်လေးက မောင့်ရဲ့ ခေါင်းထဲက အကန့်ထဲမှာ မရှိဘူး ဆိုသည့် သဘောဖြစ်သည်၊၊

*အဟား ...ဟုတ်သားပဲ၊၊  အရင် မိတ်ဆက်ပါ့မယ်၊၊  ကာရံလို့ ခေါ်ပါတယ်၊၊ NNN က ဦးမင်းဟိန်းရဲ့ တစ်ဦးတည်းသော သားပါ *

*ဟုတ်ပါပြီ၊၊ ဒါပေမယ့် ကိုသိချင်တာက မင်းဘယ်သူလဲ ဆိုတာထပ် ဒီမှာ ဘာလာလုပ်နေတာလဲ ဆိုတာကိုပဲ *

Mr. SubmissiveWhere stories live. Discover now