Part-6

15.2K 780 46
                                    

နေနိုင်းအောင် ဟုခေါ်သည့် နိုင်နိုင်းဟာ မကြာသေးမှီကမှ လိုချင်တာကို ရလိုက်ပေမယ့် ခုတလော ပတ်မွှေထားတဲ့ ကိစ္စတွေကြောင့် ကိုကိုကြီး လက်ထဲကနေ ပြေးမလွတ်တော့ပေ။ ထူးမြတ်မောင် ရုံးခန်းထဲက ထွက်လာပြီးထဲက ဘယ်ကိုမှ သွားခွင့်မပေးတော့ပဲ တစ်ခါထဲ ကိုကိုကြီးနဲ့အတူ အိမ်သို့ ပြန်လိုက်လာခဲ့ရလေတော့သည်။

နိုင်နိုင်းနဲ့ ကိုကိုကြီးတို့ နှစ်ဦးသား လိုက်ပါလာသည့် မာစီးဒီး ကားအနက်ရောင်လေးဟာ ကြီးမားထည်ဝါလှတဲ့ နှစ်ထပ်အိမ်ကြီးရဲ့ စင်ဝင်အောက်မှာ ရပ်သွားလေသည်။

တစ်လမ်းလုံး နားကြပ်တပ်ကာ အိပ်လာခဲ့သည့် နိုင်နိုင်းဟာ ကားရပ်လိုက်သည့် အခါမှသာ နိုးလာတော့သည်။ ဘေးဘက်ကိုကြည့်လိုက်တော့ အိမ်ကိုပြန်ရောက်​နေပြီ မှန်း တွေ့လိုက်ရသည့် အခါမှာတော့ မျက်နှာလေး ရှုံ့မဲ့ သွားကာ ဘေးခုံမှ Daddy ဆီသို့ တစ်ချက်ကြည့်လိုက်လေသည်။

Daddy ကတော့ အေးဆေးပင်။ အမြဲတစ်စေ အေးချမ်းပြီး တည်ငြိမ်သည့် အမူအရာဟာ Daddy ၏ မူပိုင်ပင် ဖြစ်သည်။သူ့အပေါ် ဘယ်လောက် စိတ်ဆိုးနေပါစေ Daddy က ဘယ်သောအခါမှ လူကြားထဲမှ မပေါက်ကွဲတတ်ပေ။ တည်ငြိမ်စွာပင် ကိုယ်တွယ်တတ်သူ ဖြစ်သည်။

မကြာလိုက် driver ဖြစ်သူက Daddy ဘက်က တံခါးကို လာဖွင့်ပေးလေသည်။

*စာကြည့်ခန်းထဲကို လာခဲ့ *

ဘာဒေါသသံမှ မပါပဲ အေးဆေးပဲ ပြောသွားခြင်း ဖြစ်ပေသည်။ပြီးတာနဲ့ သူ့ကို တစ်ချက်တောင် မကြည့်တော့ပဲ အိမ်ထဲ တန်းဝင်သွားတော့သည်။ ဒါပေမဲ့လဲ အရင်းနှီးဆုံး ဖြစ်တဲ့ နေနိုင်းအောင် မှာတော့ သူ့ Daddy ရဲ့ အဲ့လိုပုံစံဟာ ဘယ်လို အခြေအနေ ရှိလဲ သိနိုင်ပေသည်။

နိုင်နိုင်းတစ်ယောက်လဲ ဒီထက်ပိုပြီး မကြာချင်တော့တာမို့ သူ့ Daddy နောက်သို့ အမြန် လိုက်ရန် အိမ်ထဲသို့ ဝင်လာလိုက်တော့သည်။

ဘာလို့ ဒီနေ့မှ အိမ်ကြီးက တိတ်ဆိတ်နေသလို ခံစားနေရတာပါလိမ့်...

*ပြန်ရောက်ပြီလား အစ်ကိုလေး... *

သူ ဖိနပ်ချွတ်ကာ အိမ်ပေါ်ထပ်တတ်ရန် ပြင်နေဆင် မီးဖိုခန်းထဲကနေ ဖိုးမောင်တစ်ယောက် ယောက်မကြီးကိုင်ကာ ထွက်လာသည်ကို တွေ့လိုက်ရလေသည်။

Mr. SubmissiveWhere stories live. Discover now