Part-4

13.3K 672 25
                                    

တီး...တီး...တီး...

ကျယ်ဝန်းလှသည့် အိပ်ခန်းကြီးထဲတွင် နှိုးစက်မြည်သံသာ ဟိန်းကနဲ ထွက်လာလေသည်။ အချိန်ကား မနက် ၇ နာရီ ဖြစ်သည်။

ခါတိုင်းနေ့များဆို နှိုးစက်မြည်တာနှင့် ထကာ လေ့ကျင့်ခန်း လုပ်တတ်သည့် ထူးမြတ်မောင်မှာ ယနေ့တွင့်တော့ King Size အိပ်ရာပေါ်တွင် လူးလှိိမ့်လို့ နေပေသည်။ မနေ့ညက Lucifer လက်စာ စားခဲ့ရပြီးနောက် တစ်ညလုံး ကျောရော၊ ဖင်ပါ နာနေသဖြင့် မှောက်အိပ်ခဲ့ရသည်။ ဒါ့ကြောင့် ယခင်နေ့များလို အိပ်ရေးမဝပေ။ Bar မှာ ရိုက်ပြီးကတည်းက မပြန်ခင် Lucifer က ဆေးသေချာ လိမ်းပေးလိုက်ပေမယ့် နာတာကတော့ နာတာပင်။ တစ်ခါမှ အရိုက်မခံခဲ့ရသော သူဌေးသားလေး ခမျာ ခံရခက်နေတော့သည်။

အမှန်ဆို ဒီလိုနေ့မျိုးမှာ ရုံးလဲ မတက်ချင်ပေ။ ဒါပေမယ့် ဒီနေ့ဟာ သူမသွားလို့ မဖြစ်ပေ။ သူတို့ Ent: မှ မျက်နှာသစ် model များကို မွေးထုတ်ပေးမည့် အစီအစဥ်အရ တက်သစ်စ မော်ဒယ်လေးများကို interview ရမည့် နေ့ဖြစ်သည်။ ကျိန်းသေပေါက် သူဌေးဖြစ်သည့် သူ ရှိနေပေးမှပင် ရလိမ့်မည်။

ဒါပေမယ့်လဲ morning exercise တော့ သူ မလုပ်နိုင်တော့ပေ။ ဒါ့ကြောင့် နောက်ထပ် တစ်နာရီခန့် ထပ်အိပ်ရန် ဆုံးဖြတ်လိုက်သည်။ မဟုတ်ရင် မျက်ကွင်းညို ကြီးနဲ့ ရုပ်ပေါက်ဦးမည်။

ဒူ~ဒူ~ ဒူ ~

ပြန်အိပ်မယ် ကြံကာ ရှိသေးသည်။ သူ့ရဲ့ ဖုန်းမှ တုန်ခါ လာတာမို့ သူ စိတ်အချဥ်ပေါက်သွားတော့သည်။ ဘယ်ကောင်ကများ မနက်စောစော လာခေါ်တာလဲ မသိပေ။
သူလဲ အမြင်ကပ်ကပ်နဲ့ ဆဲပေးရန် ဖုန်းက ခေါ်ဆိုသူ နာမည်ကို ကြည့်လိုက်သည်။

*Fu*k! ဒီစောက်ကလေးကတော့... *

ဖုန်းရဲ့ ခေါ်ဆိုသူမှာ 99 (နိုင်းနိုင်း ) ဟု တွေ့ထဲက သူ စိတ်ပျက်စွာ ဆဲရေးလိုက်ပြီး ဖုန်းကို ဘေးသို့ ပစ်ချထားလိုက်တော့သည်။ မနက်စောစောစီးစီး တကယ့် ပြသာနာအိုးလေး။

ဒီလိုနဲ့ သူ ပြန်အိပ်ရန် ပြင်ဆင်လိုက်စဥ်မှာပင် သူ့ရဲ့ ဖုန်းက ထပ်မြည်လာပြန်သည်။ သူလဲ မကိုင်ဘဲ ဒီတိုင်း ထားထား လိုက်သည်။ အဲ့လိုနဲ့ပဲ နှစ်ကြိမ်၊ သုံးကြိမ်၊ နောက်ပြီး အကြိမ်ရေ စိပ်လာသည့် အခါမှာတော့ ထူးမြတ်မောင် တင်းပြီလေ။ ဒါ့ကြောင့် ပစ်ထားသည့် ဖုန်းကို ကောက်ကိုင်ကာ ထိုစောက်ကလေးကို မေတ္တာပို့တော့သည်။

Mr. SubmissiveWhere stories live. Discover now