Hold me 🌻 16 (U)

2.2K 176 33
                                    

ကျဉ်းမြောင်းသေးသွယ်သော ရပ်ကွက်လမ်းထဲရှိလှေကားထစ်များပေါ်တွင် ချန်းယောလ်၏ လေးကန်သောခြေရာများကျန်ရစ်သည်။

သူ့ရင်မှာပဲ့တင်ထပ်နေသော နောင်တတရားအချို့က အားမရှိတော့သလိုပျော့ခွေချင်နေသော ခြေထောက်နှစ်ဖက်ကို ခွေယိုင်ကျသွားလုမတတ် အားနည်းစေခဲ့သည်။ အိမ်တွင်စောင့်နေမည်ဖြစ်သော ညစာမစားရသေးသည့် တစုံတယောက်ကို အားနာသမှုကြောင့် သူ့ကိုယ်သူအားတင်းထားရင်း ရှေ့ဆက်လျှောက်လာခဲ့သည်။

သူ့ရှေ့နားလေးတင် ပြေးထွက်သွားသော ဘတ်ဟျွန်းလေးကို ဖမ်းဆုပ်နိုင်စွမ်းမရှိခဲ့သောအကြောင်းပြချက်က သူ့ခြေလှမ်းတွေနှေးကန်လွန်းလို့ဆိုတာထက် ဘတ်ဟျွန်းနီးရှေ့မှာ သူလိမ်ညာထားသမျှတွေဝန်ခံဖို့ သတ္တိမရှိခဲ့တာလားလို့ အကြိမ်ကြိမ်မေးခွန်းထုတ်မိသော်လည်း ဝေဝါးလှစွာသောအဖြေမှာ မသဲကွဲနိုင်သေး။

* ကျွီ ~~ *

သော့ခတ်ထားခြင်းမရှိသော သံပန်းတံခါးကိုဖြတ်ကျော်၍ တိုက်ခန်းငယ်၏ သုံးထပ်သို့ခပ်ဖြည်းဖြည်း တက်သွားသည်။ အထဲမှာလူရှိမှန်းသိထားပေမယ့် password နှိပ်ပြီး ကိုယ်တိုင်ဖွင့်ဝင်တတ်တာက အကျင့်လိုဖြစ်နေသည်။

" ငါ ပြန်ရောက်ပြီ...ဂျူယောင်း "

အိမ်သားတယောက်ပြန်လာလျှင် နောက်တယောက်က အသံဖြင့်ဆီးကြိုရမည်ဟူသော ကတိကိုမပြုထားသည့်တိုင် အန်းဂျွန်ယောင်း တဖြစ်လဲ ပတ်ခ်ချန်းယောလ်ကို တခါမှဆီးကြိုခဲ့ခြင်းမရှိသော အန်းဂျူယောင်းဆိုသည့် ဖြူဖျော့ဖျော့မိန်းကလေးက ထုံးစံအတိုင်း မှန်ပြတင်းတံခါးကိုမှီတွယ်ကာ လျပ်ပန်းလျပ်နွယ်နှင့် မိုးစက်များကြဲဖြန့်လျက်ရှိသောကောင်းကင်ကို မမှိတ်မသုန်စိုက်ကြည့်နေပြန်သည်။

" ဘာစားပြီးပြီလဲ..မင်းအတွက် ကြက်ကြော်ဝယ်လာတယ်...စားမှာလား"

ခေါင်းလဲမညိတ် ခေါင်းလဲမခါသော အဖြေမျိုးကို အကြိမ်ပေါင်းများစွာကြုံပြီးပြီဖြစ်သော ချန်းယောလ်အတွက် သူ့ဖက်ကဘာပဲဖြေဖြေ..ဂရုစိုက်စရာမလို။ ဝယ်လာသမျှကို ထမင်းစားပွဲပေါ်တင်ထားလိုက်ရင် နှေးတိနှေးကန်နဲ့ရောက်လာပြီး အကြာကြီးထိုင်စားတော့မှာသိပြီးသား။ ချန်းယောလ်ရေချိုးပြီးတဲ့အချိန်လောက်မှ ပန်းကန်တွေဘေစင်ထဲပုံထည့်ပြီး ထိုင်နေကျ ပြတင်းပေါက်လေးနားပြန်ရောက်သွားတတ်တဲ့ ဂျူယောင်းဟာ ရပ်ကွက်လမ်းတွေပေါ်ငေးကြည့်ရင်း ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ အစ်ကိုဖြစ်သူကို မပျက်မကွက်စောင့်နေတာ တနှစ်ကျော်ခဲ့ပြီမဟုတ်လား။

Hold Me (Z+U) 🌻 Where stories live. Discover now