Hold Me 🌻 5

3K 495 60
                                    

နှဖူးပေါ်မှာ ရေပတ်ဝင်တင်ပြီးလဲလျောင်းနေသူ ဘတ်ဟျွန်းနီး ဘေးမှာ ချန်းယောလ်တယောက် ညလုံးပေါက်ထိုင်စောင့်နေသည်။

ည ခုနှစ်နာရီကျော်လောက်မှ ဆေးရုံတက်နေတဲ့ Omma ကိုနှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့သည်။ စာရေးခုံအပုလေးပေါ်ထိုင်ပြီး အိမ်စာတွေလုပ်နေခဲ့သည့် ကလေးငယ်က ဘာမှမဖြစ်သလိုလိုနဲ့ အိပ်ရာဝင်သွားပြီး ညတရေးနိုး ၁၁ နာရီလောက်မှ တကိုယ်လုံးပူကျစ်ပြီးဖျားနေခဲ့ခြင်းဖြစ်သည်။

ညစာစားတည်းက တရှောင်ရှောင်ဖြစ်နေတယ်ထင်တာ...နေမကောင်းဖြစ်နေတာကိုမပြောပဲ ဒီအတိုင်းဝင်အိပ်သွားတဲ့ ဘတ်ဟျွန်းနီးက သူ့အတွက်နဲ့ ချန်းယောလ်ကိုစိတ်မပူစေချင်ဘူး ထင်ပါသည်။

ည တရေးနိုးလာတော့ ခိုက်ခိုက်တုန်နေသည့် ကိုယ်လုံးလေးဆီက တဟင်းဟင်း အဖျားတက်သံလေးတွေထွက်လာတော့မှ ချန်းယောလ်မှာပြာပြာသလဲနိုးရသည်။ ဂျုံအင့်ကို ညအချိန်မတော်ဖုန်းဆက်ပြီး နေမကောင်းတဲ့ ကလေးပြုစုနည်းတွေအမျိုးမျိုး မေးစမ်းကာ တတ်သလောက်မှတ်သလောက်လေးနဲ့ ဘတ်ဟျွန်းနီး အဖျားကျအောင်လုပ်ရသည်။

မီးကျီးခဲလို ပူကျစ်နေတဲ့ ခြေလက်တွေပေါ်ရေပတ်ရွှဲရွှဲတိုက်ပြီး ချွေးထွက်လာတိုင်းအင်္ကျီဘောင်းဘီအသစ်လဲရသည်။ ဆေးရည်၂ဇွန်းကို မနည်းချော့တိုက်ပြီး အဖျားကျအောင် နှဖူးပေါ်မှာ Cooling pad အပြားလေးနဲ့ ရေပတ်ဝတ်တလှည့်စီကပ်ပေးနေရသည်။ ဘတ်ဟျွန်းနီးကို ဆယ့်ငါးမိနစ်တခါလောက်အပူတိုင်းကြည့်ပြီး အဖျားဒီဂရီ ကျလာတော့မှ သူနည်းနည်းစိတ်အေးရသည်။

ဆေးမတိုက်ခင် ဆန်ပြုတ်ခွံ့ကျွေးနေတုန်းမှာ ဘတ်ဟျွန်းနီးက သူစကားပြောတာတောင်မတုံ့ပြန်နိုင်။ ရှိသမျှစောင်တွေအကုန်ဆွဲခြုံပြီး ချမ်းတယ် လို့သာ အဆက်မပြတ်ပြောနေတာကြောင့် ကလေးငယ်ကို စောင်ထုပ်လေးထဲထည့်ကာဖက်ထားပေးရသေးသည်။ တချက်တချက်မှာ ယောင်ယမ်းပြီး ချန်းယောလ်ကို သူ့မေမေနဲ့လူမှားခေါ်နေပြန်တော့ ပူနွေးနေတဲ့လက်ဖျားလေးတွေဆုပ်ကိုင်ထားရင်း ဘေးမှာရှိနေကြောင်းပြောရသည်။

" မေမေ...(sob) ဟင့် ~~
သား ခေါင်းက အရမ်းနာနေတယ် "

" ခနနေသက်သာသွားမှာနော်...ခနလေးပဲ "

Hold Me (Z+U) 🌻 Where stories live. Discover now