Hold Me 🌻 3

3.7K 623 300
                                    

(Theme Song ❤️ I Don't Care by Ed Sheeran and Justin Bieber)
.
.
.
.
.
.
.

🌻❤️🌻❤️🌻❤️🌻❤️🌻❤️🌻

ချန်းယောလ်၏ ပုံမှန်အတိုင်းလည်ပတ်နေသော ဘဝထဲသို့ ဘတ်ဟျွန်းနီး ဝင်ရောက်လာခဲ့တာ တလကျော်ကျော်ခန့်ရှိပြီဖြစ်သည်။

ဘတ်ဟျွန်းနီးရောက်တာတပတ်ပြည့်လုနီးနီးအချိန်တွင် သူတို့သားအမိနေခဲ့သည့် ချိတ်ပိတ်ထားသောအိမ်လေးထဲမှ ဘတ်ဟျွန်း၏ မွေးစာရင်း၊ သန်းခေါင်စာရင်းစသည်တို့ကို ဌာနဆိုင်ရာအကူအညီနဲ့သွားယူကာ တရားဝင်မွေးစားဖို့စာရွက်စာတမ်းတွေ လက်မှတ်ထိုးရသည်။ လုပ်ငန်းစဉ်တလျှောက်မှာ ချန်းယောလ်ကို အစအဆုံးကူညီပေးသူက ဂျုံအင်ဖြစ်ပြီး ဆိုင်မှာချန်းယောလ်မရှိတဲ့ သုံးလေးရက်တာအချိန်လေးကို ဘတ်ဟျွန်းနီးနဲ့ အတူတူကုန်ဆုံးပေးသူမှာ ဆယ်ဟွန်းဖြစ်သည်။

အစပိုင်းတော့ ဘတ်ဟျွန်းနီးက ဆယ်ဟွန်းအနားမကပ်ရဲပဲ လန့်နေမယ်ထင်ခဲ့တာ။ ဆယ်ဟွန်းခေါ်လာတဲ့ ခွေးပေါက်ဖြူဖြူလေး Vivi ကိုမြင်ပြီး အူတွေအသည်းတွေယားတယ်တဲ့။ မရဲတရဲ သွားကိုင်ကြည့်လိုက်၊ ပွေ့ချီလိုက်နဲ့ ချစ်လို့မဆုံး။ ဘတ်ဟျွန်းနီးဖက်ကလည်း ဆယ်ဟွန်းခေါ်စေချင်သလို Hyung လို့ ခေါ်ပေးတာကြောင့် အရင်ကလို ဆယ်ဟွန်းရဲ့ မျက်ခုံးတွန့်တွန့်ကြီးတွေယောင်လို့တောင်မမြင်ရပဲ မျက်လုံးတွေမှိတ်လုမတတ် ပြုံးပြုံး ပြုံးပြုံးနဲ့ကျေနပ်နေတော့သည်။

ဆယ်ဟွန်းက ဘတ်ဟျွန်းနီးစားချင်တဲ့မုန့်တွေကျွေး၊ သောက်ချင်တဲ့ အပူအအေးဖျော်ရည်တွေအကုန်ဖျော်ပေးပြီး Vivi နဲ့အတူ ဆော့လိုက်၊ TV ကြည့်လိုက်၊ စကားတွေပြောလိုက်နဲ့ အာရုံပြောင်းထားပေး၍သာ အိမ်မှာကျန်ခဲ့တဲ့ကလေးငယ်ကို စိတ်ချလက်ချနဲ့ စာရွက်စာတမ်းကိစ္စတွေပြီးစီးအောင်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

ချန်းယောလ်အပြင်သွားတဲ့နေ့တွေမှာ မနက်ပိုင်းဝန်ထမ်းလေးတွေဖြစ်သော ဂန်ဝူးနဲ့ ယူဂျင်း၊ ဆော့ဂျင်းအမွှာနှစ်ယောက်က ဆိုင်အလုပ်ပိကြမှာမို့ ညနေဝန်ထမ်းတွေဖြစ်တဲ့ ဆယ်ဟွန်းနဲ့ ဂျုံအင်ကို မနက်လာပေးဖို့ အကူအညီတောင်းတာ မငြင်းကြလို့သာတော်တော့သည်။ ကျောင်းချိန်တွေသုံးလေးရက်စာဖျက်ပေးပြီး ချန်းယောလ် အကူအညီတောင်းသမျှလိုက်လျောပေးခဲ့တဲ့ သူငယ်ချင်းတွေကို အသားကင်ဆိုင်ကောင်းကောင်းမှာ ဝယ်ကျွေးပြီး ဆိုဂျူအဝတိုက်မယ်လို့ ကတိပေးထားလိုက်သည်

Hold Me (Z+U) 🌻 Where stories live. Discover now