Hold Me 🌻 9 (Uni)

2.3K 312 37
                                    

အသံခပ်တိုးတိုးဖြင့်ပိတ်သွားသော ဆေးရုံခန်းတံခါးလေးကို ကျော်ဖြတ်၍ ဘတ်ဟျွန်းနီးအိပ်နေသော ကုတင်လေးဆီသို့ ချန်းယောလ်လာခဲ့သည်။ သူ့လက်ထဲယူဆောင်လာသော ပစ္စည်းတချို့ကိုဖွက်ထားစရာနေရာမတွေ့တာမို့ ကုတင်ဘေးကဗီရိုလေးကိုအသံမထွက်အောင် အသာဖွင့်ကာ ထည့်ထားလိုက်သည်။

ကုတင်ပေါ်မှာတော့ သူ့ဖက်လှည့်ပြီးအိပ်ပျော်နေတဲ့ကလေးငယ်က အကောင်းပကတိရှိနေသေးသော ဘယ်ဖက်လက်ကလေးကို ခေါင်းအုံးထားသည်။ လွန်ခဲ့တဲ့နေ့တွေက ချန်းယောလ် အသုံးမကျလွန်းတဲ့အမှုကြောင့် စကူတာပေါ်ကပြုတ်ကျပြီး အဆစ်လွဲသွားရရှာတဲ့ ညာဖက်လက်လေးကို အပြာနုရောင် လက်သိုင်းကွင်းထဲထည့်ကာ သူဝတ်ထားသော တီရှပ်အဖြူလေး၏ ရင်ဘတ်ပေါ်မှာ တင်ထားသည်။

" အိပ်ပျော်သွားတာကြာပြီ။ မအိပ်ခင်တုန်းမင်းအကြောင်းတွေပြောနေသေးတယ် "

ပြတင်းပေါက်ဘေးကခုံမှာထိုင်နေသော ဂျောင်ဆူ့ကိုအခုမှ သတိထားမိသည်။ အိမ်ကို ခနပြန်ပြီးအဝတ်အစားတချို့သွားယူတဲ့ သူ့ကိုယ်စား ဂျောင်ဆူက လူနာစောင့်ပေးခဲ့တာဖြစ်သည်။ ဆိုင်ကတော့ ဘတ်ခွန်းနီးဒဏ်ရာရတဲ့နေ့တည်းက ပိတ်ထားတာ ငါးရက်လောက်ရှိခဲ့ပြီ။ ကျောင်းလည်းမသွားနိုင်သလို Project တဖွဲ့တည်းသား သူငယ်ချင်းတွေနဲ့လည်းယာယီအဆက်အသွယ်ဖြတ်ကာ ဆေးရုံက ဘတ်ဟျွန်းနီးအနားမှာပဲနေသည်။

ဒီလောက်ထိလုပ်ပေးစရာမလိုပါဘူးလို့ တချို့တွေက တားမြစ်ကြသည့်တိုင် သူ့ပေါ့ဆမှုကြောင့် နာကျင်ခံစားရတဲ့ကလေးငယ်ကို သူအတတ်နိုင်ဆုံးပြုစုစောင့်ရှောက်ချင်သည်။ ဖြစ်များဖြစ်နိုင်ရင် အချိန်တွေပြန်လှည့်ကာ ထိုနေ့က ဘတ်ဟျွန်းနီးကိုသွားကြိုဖို့ စကူတာမယူပဲ ကားနဲ့ သွားဖြစ်ခဲ့မှာသေချာပါသည်။ နောင်တများများစားစားမရှိခဲ့သော သူ့ဘဝထဲမှာ ပထမဆုံး နောင်တကြီးတခုဖြစ်တည်ရာက သူအချစ်ရဆုံးကလေးငယ်၏ နာကျင်မှုပဲဆိုတာကို သူအခုထိ မယုံကြည်ချင်သေးပါ။

" နာတယ်လို့...ပြောသေးလား "

" ဒီနေ့တော့မပြောဘူး...
နေ့လည်စာစားပြီးတာနဲ့ ကောင်းကောင်းအိပ်သွားတယ် "

Hold Me (Z+U) 🌻 Where stories live. Discover now