Hold Me 🌻 18 (U)

2.2K 220 72
                                    

ရွာဖက်ကို တကယ်ကြီးရောက်ချလာတဲ့အချိန်က နေ့ခင်း ၁၁နာရီလောက်ဖြစ်မယ်။ ဘတ်ဟျွန်းက ဈေးကိုစက်ဘီးလေးနဲ့အသွား.... သစ်သီးခြင်းတွေတင်တဲ့သုံးဘီးဆိုင်ကယ်နောက်မှာ ထိုင်လိုက်လာတဲ့ ဦးက နေပူပူမှာ လျှာထိုးဦးထုပ်ကြီးဆောင်း... လွယ်အိတ်အနက်ကြီးပိုက်လို့...ရေဗူးမော့သောက်နေတာတွေ့လိုက်တယ်။ တော်ရုံဆို သွားကြည့်ဖြစ်မှာမဟုတ်ဘူး....ဒီလူကလည်ပင်းမှာ ပတ်တီးဖွေးဖွေးနဲ့ဆိုတော့ စပ်စုမိသွားတာ... ဘယ်သူမှန်းလဲသိလိုက်ရော အလန့်လွန်ပြီးစက်ဘီးမှောက်တော့မလို့သီသီလေးရယ်။ သူက ကိုယ့်ကိုမမြင်ဘဲ ဟိုဖက်လှည့်သွားလို့တော်ပါသေးရဲ့။

ဈေးမှာလည်းဘာတွေဝယ်လို့ဝယ်ဖြစ်လည်းမသိတော့ဘဲ ခြေတုန်လက်တုန်နဲ့... ပိုက်ဆံတွေအပေးမှားလို့ အဒေါ်ကြီးတွေရဲ့ဆူခံထိသေးတယ်။ အပြန်လမ်းမှာ စက်ဘီးကိုဖြည်းဖြည်းနင်းလာရင်း ဘာလုပ်ရမလဲစဉ်းစားနေတုန်းမှာ ဂျောင်မင်း Hyung ကဖုန်းဆက်လာတော့တယ်။

သေချာတယ် ...အိမ်အထိရောက်နေပြီဆိုတဲ့ ထင်မြင်ချက်ကို Hyung က confirm ပေးလာတယ်။ ရွာသူကြီးအိမ်မှာ ဘတ်ဟျွန်းရဲ့ပုံပြပြီးမေးတယ်တဲ့... ဒီကလေးဒီမှာရှိနိုင်လား...မြင်ဖူးလားပေါ့။ ဦးက စကားမပြောနိုင်လို့ tablet တလုံးသယ်လာပြီး အဲ့မှာစာရေးပြတာတဲ့။ ကိုယ်က လူကြီးတွေနဲ့သိပ်ပြီးအရောတဝင်မနေလို့ မသိကြပေမယ့် အဲဒီ့ရွာလူကြီးအိမ်မှာ ဟာရူရဲ့ သူငယ်ချင်းတယောက်ရှိတယ်။ ဒီဓာတ်ပုံထဲကလူသည် ဟာရူ့အိမ်မှာနေတဲ့ ဘတ်ဟျွန်းOppa ဖြစ်ကြောင်းအတည်ပြုလိုက်တာမို့ ပတ်ခ်ချန်းယောလ်ကြီးဟာ ဂျောင်မင်း Hyung တို့အိမ်ကို ရွာလူကြီးတသိုက်နဲ့တကွ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ကြွချီလာပြီပေါ့လေ။

Plan ထားတဲ့အတိုင်း စက်ဘီးနဲ့ဈေးခြင်းကိုခြံအပြင်ဖက် ခြုံပုတ်ထဲမှာဖွက်ထားလိုက်တယ်။ အနောက်ဖက်ခြံစည်းရိုးကို တွယ်တက်ပြီး စဉ့်အိုးကြီးရှိရာကို ခြေသံမထွက်အောင်သွားနေတုန်းမှာ ခြံထဲလူတယောက်မှမရှိလို့တော်သေးတာပေါ့။ စဉ့်အိုးအထဲလူတကိုယ်လုံးဝင်ပြီး ဇကာအုပ်လိုက်ပြီးတဲ့နောက်တော့ အိမ်ရှေ့ခန်းဖက်ကစကားပြောသံတွေကိုနားစွင့်နေရတယ်။

Hold Me (Z+U) 🌻 Where stories live. Discover now