Hold Me 🌻 13 (Uni)

2.3K 307 58
                                    

" ပတ်ခ်ဘတ်ဟျွန်း !! "

" Nae ~~ "

ရုံးခန်းတံခါးဝမှာကိုယ်တခြမ်းမှီထားရင်း ဂိမ်းအဆော့မပျက်တဲ့ ၁၅နှစ်အရွယ်ကောင်လေးတယောက်ကို ဆရာကလှမ်းခေါ်တယ်။ မထီတရီပြုံးလေးတပွင့်နဲ့ ပြန်ထူးလိုက်တဲ့အသံဟာ ဖြတ်သွားဖြတ်လာကျောင်းသူလေးတွေရဲ့ နှလုံးသားကိုဆွဲခါလိုက်သလိုမျိုး နူးညံ့နိုင်လွန်းတယ်။

လိုင်နာအနက်ရောင်ပါးပါးလေးဆွဲထားတဲ့ မျက်ဝန်းတွေရဲ့ရှေ့မှာ ဒူးတွေခွေကျမလုမတတ် ရင်ခုန်နေခဲ့မယ်ဆိုရင်...

လည်တိုင်ဖွေးဖွေးထက်မှာ အလှပဆုံးနေရာယူနေတဲ့ choker အနက်ရောင်လေးက ဒီကောင်လေးအပေါ်မှာ ရူးသွပ်ပစ်လိုက်ဖို့ လုံလောက်တဲ့ အကြောင်းပြချက်ဖြစ်မှာပါပဲ။

" မင်း...ခုချက်ချင်းရုံးခန်းထဲလာခဲ့ "

အကြောတက်နေတဲ့အတိုင်း ခေါင်းကိုဟိုဖက်ဒီဖက်စောင်းရင်း ခေါ်နေတဲ့ဆရာ့ရှေ့မှာ ဘတ်ဟျွန်း မတ်မတ်ရပ်လိုက်တယ်။ စားပွဲပေါ်ပြန့်ကျဲနေတဲ့စာရွက်တွေကိုကြည့်စရာမလို... ရစရာမရှိအောင်စုတ်ချာနေတဲ့ ကိုယ့်အမှတ်စာရင်းတွေဆိုတာ အလိုလိုသိနေပြီးသား...

" အိုက်ရှ်...ဘယ်ကစပြောရမှန်း မသိဘူး။ ငါတကယ် အသက်တိုချင်တာပဲ "

နားတဖက်မှာ တန်းစီဝတ်ထားတဲ့ နားကပ်လေးသုံးခုကို ကို တလှည့်စီထိကိုင်ရင်း ဆရာမမြင်အောင်ပြုံးမိပြန်တယ်။ ဟိုဖက်နားက နားကွင်းလေးတော့ ဆရာဆူထားလို့ ခနဖြုတ်ခဲ့တယ်။ နောက်တရက် နှစ်ရက်နေလို့ ဆရာမေ့လောက်တဲ့အချိန်ကျမှ ပြန်ဝတ်ပါတော့မယ်လေ။

ဒီနေ့ necktie မဝတ်လာတာရော အပြစ်ပြောဦးမယ်ထင်တာပဲ။ choker နဲ့ necktie ကလိုက်မှမလိုက်တာလေ...လူအမြင်ကောင်းအောင် လိုက်ဖက်အောင် ဝတ်စားဆင်ယင်ရမှာက ကျောင်းသားတိုင်းရဲ့တာဝန်ပဲလို့ ဆရာပဲ ပြောခဲ့တာမို့လား။

တကယ်တော့ကျောင်းဝတ်စုံဆိုတာကြီးကို အသေစိတ်ကုန်နေတာကြာပြီ။ Hoodie နဲ့ဘောင်းဘီတိုဝတ်ပြီးကျောင်းလာတဲ့နေ့က နှစ်ပြားမတန်အောင်အဆူခံရတာလည်း မမှတ်ချင်သေးဘူး။ ဆရာတွေက မလုပ်နဲ့ ဆိုပြီးတားမြစ်ထားတဲ့အရာတိုင်းကို စမ်းကြည့်ချင်လာတဲ့ဥာဉ်ဆိုးလေးက သူ့အလိုလိုပေါ်လာတာတော့ ဘတ်ဟျွန်းလည်းမတတ်နိုင်ဘူးလေ။

Hold Me (Z+U) 🌻 Where stories live. Discover now