3(ZC)
459 15 0
ဖေ​ဖေမရှိ​တော့တာ ၁ ပတ်​ပြည့်​ရက်​လည်​ပြီးသည့်​​နောက်​ ပန်း​သွေး၏တာဝန်​မှာ ​ဖေ​ဖေ၏​နေရာကိုတာဝန်​ယူရမည်​သည်​၊ ထို့​ကြောင့်​ ​တာဝန်​​ပေါင်းများစွာသူမပုခုံး​ပေါ်ကျ​ရောက်​လာသည်​၊ ဒီရက်​ပိုင်း အိမ်​ကို သူမအကိုပြန်​မလာ​သော်​လဲ အကိုဖြစ်​သူထက်​​ကောင်းကင်​၏ သတင်းက​တော့သူမဆီ မြတ်​သူမှသတင်းပို့သဖြင့်​ စိတ်​ချစွာ​နေခဲ့သည်​။
ဖခင်​၏အရိပ်​မရှိ​တော့​သော သူမတို့အိမ်​သည်​ အ​တော်​​လေးပင်​တိတ်​ဆိတ်​လှသည်​၊ အလုပ်​သွားရန်​ အ၀တ်​အစားအပြည့်​အစုံပြင်​ဆင်​ပြီး​အောက်​ထက်​ဆင်းလာ​တော့ သူမအတွက်​ မနတ်​စာကိုစီစီဉ်​​ပေးထားသဖြင့်​ မနတ်​စာဝင်​စား​နေတုန်း အိမ်​​ရှေ့က​နေ ကားစက်​သံကြားသဖြင့်​ ​သောက်​လက်​စနွားနို့ခွက်​ကိုချထားလိုက်​ပြီး ကြည့်​​မိ​တော့ အရင်​လိုသန့်​သန့်​ပြန့်​ပြန်​မဟုတ်​ပဲ မှုတ်​ဆိတ်​​မွှေးတစ်​ချို့​ကြောင့်​​ကော မပြင်​မဆင်​ထားသည်​​ကြောင့်​​ကော အနည်းငယ်​ရုပ်​ရှင့်​​နေပုံ​ပေါ်သည့်​ သူမအကို။
သူမကိုမြင်​​တော့ဘာစကားတစ်​ခွန်းမှမဆိုပဲ သူ့အခန်းကိုသွားဖို့လုပ်​​​တော့ သူမလဲ စားပွဲမှထပြီး ထက်​​ကောင်းကင်​ အ​နားသွား​ပြီး သက်​ပြင်းချ​လေသည်​။
"ဘယ်​​တော့အလုပ်​ပြန်​တက်​မှာလဲ ကိုထက်​"
"ဘာလဲ ငါအလုပ်​မလာရင်​ မင်းကအာဏာသုံးပြီးငါ့ကို​ကောအလုပ်​ဖြုတ်​ဦးမလို့လား"
"ကိုထက်​ကြိုက်​သလိုထင်​လို့ရတယ်​ ဒါ​ပေမဲ့ ကိုထက်​အပြုအမှု​တွေက ​ဖေ​ဖေ့သိက္ခာကိုထိခိုက်​​နေလို့​ပြော​နေတာ.."
ထက်​​ကောင်းကင်​မှာ ဘာတစ်​ခွန်းမှမ​ပြော​တော့ပါပဲ ထို​နေရာက​နေထွက်​ပြီး အိမ်​​ပေါ်တက်​လာခဲ့သည်​ ထို့ပြင်​ ပန်း​သွေးဘက်​က ​ပြောသည့်​စကားမျာကိုအိမ်​​ပေါ်တက်​လာသည့်​တစ်​​လျောက်​ကြား​နေရသည်​။
"မနတ်​ဖြန်​ ကိုထက်​အလုပ်​ပြန်​၀င်​ပါ ​ဖေ​ဖေ့ကို အ​ဖေတစ်​​ယောက်​လိုသ​ဘောထား​သေးရင်​​ပေါ့"
တကယ်​ဆို သူမလဲ ကိုထက်​ကိုထိုကဲ့သို့မ​ပြောချင်​ သို့​ပေမဲ့ အကိုဖြစ်​သူလုပ်​​နေသည့်​အပြုအမှုများကအဆင်​မ​ပြေလှပါ ကိုထက်​ရည်းစား မမလဲ့ ကိုလဲဖုန်းဆက်​ပြီး ကိုထက်​ကိုထိန်းဖို​​ပြောရအုန်းမည်​၊ ရုံးသွားရမည့်​အချိန်​​ရောက်​​နေပြီဖြစ်​​သော​ကြောင့်​ သူမလက်​ကိုင်​အိတ်​ကို သူမကိုလာကြိုသည့်​ အတွင်း​ရေးမှုးမ​လေးကသယ်​ထားပြီး အိမ်​​ပေါ်ကိုတစ်​ချက်​လှည့်​ကြည့်​ကာ အလုပ်​သွားရန်​ထွက်​လာခဲ့သည်​။