6(UC)
1K 83 2
ပန်းသွေးနှင့်နီးနီးကပ်ကပ်နေရသည့် ၂ပတ်တာကာလအတွင်းမှာ ပန်းသွေးအကြောင်းကိုအရင်ကထက်ပိုပြီးသိရှိခဲ့ရပြီဖြစ်ပြီး ပန်းသွေးနှင့် ထက်ကောင်းကင်ကြားက အပြင်ပန်းမှာအခြေအနေတင်းမာမှုတွေရှိပေမဲ့ နှစ်ယောက်ကြားက စိုးရိမ်မှုကြိုးလေးကတော့ ရှိနေဆဲဖြစ်သည်။
ထို့ပြင် သူမအရင်ကထင်မိတဲ့တစ်ခုတည်းသောအကြောင်းအရာဖြစ်သော လူချမ်းသာများသည် အပြောနှင့်အလုပ်မညီပဲ သူတို့လိုချင်သည်များကိုသာရအောင်နည်းမျိုးစုံနှင့်လုပ်တက်သည်ဟူ၍၊ သို့ပေမဲ့ ပန်းသွေးအားအနီးကပ်စောင့်ကြည့်ခဲ့သည့်နောက်ပိုင်း ထိုအတွေးများမှာ ပန်းသွေးအပေါ်၌အကျိုးသက်ရောက်မှုမရှိခဲ့ပေ၊ ပန်းသွေးခြယ်သည် အပြောနှင့်အလုပ်ညီသူဖြစ်ပြီး ကတိတစ်ခုကိုအသက်နှင့်အမျှတန်ဖိုးထားကြောင်း။
ထိုအတွေးနှင့်အညီ တစ်ပြိုင်နတ် ပန်းသွေးခြယ်ဆိုသည့်မိန်းခလေးအပေါ်မှာစိုးရိပ်စိတ်ကအနည်းငယ်ကပ်ပါလာခဲ့သည်၊ ဒါ့အပြင် သူမဦးစွာပတ်သက်မိပါသော ဦးကျော်ဇေ၏လုပ်ရပ်များကိုတဖြေးဖြေးသဘောပေါက်လာခဲ့သည်၊ လောဘကြီးမနာလိုကာအကျင့်စာရိတ္တမကောင်းသော ဦးကျော်ဇေနှင့်ပန်းသွေးမှာအဘယ်ကြောင့်အမျိုးတော်လဲဆိုတာသူမဝေခွဲမရ၊ တစ်ခါတစ်လေ သူမတွေးမိတာ သူမမိဘတွေအသက်ခံရသည့်ကိစ္စသည် ဦးကျော်ဇေနှင့်ကင်းပါ့မလားဟူ၍။
သူမ၏အလုပ်သည် ပန်းသွေး၏အနားမှာစောင့်ရှောက်ရသည့်အတွက် တစ်ခါတစ်ရံ ပန်းသွေးအလုပ်ခရီးထွက်ဖြစ်ခဲ့လျှင်လိုက်ပေးရသည်၊ ယခုတစ်ခေါက်၌လဲ ရှမ်းပြည်က သူမတို့အပိုင်ဟိုတယ်အသစ်ဆောက်လုပ်ရေး၌ပြဿနာဖြစ်သည်ဟုဆိုသောကြောင့် ပန်းသွေးကိုယ်တိုင် ထိုနေရာသို့သွားရောက်ရန်အကြောင်းဖန်လာသောကြောင့် သူမသည်လဲ သူမမွေးရပ်မြေသို့တစ်ခေါက်ပြန်သွားရမည့်အကြောင်းဖန်လာခဲ့သည်။
"တစ်လမ်း လုံးကားမောင်းရတာအဆင်ပြေရဲ့လား ခဏနားမလား ဒါမှမဟုတ် ပန်းသွေးတစ်လှည့်မောင်းပေးရမလား"
"ရပါတယ် ကျွန်မအဆင်ပြေပါတယ် ကားစီးရတာပင်ပန်းရင် ရှေ့မှာနားဖို့ဂိတ်တွေ့ရင်ဝင်လိုက်မယ်လေအဆင်ပြေတယ်မဟုတ်လား"
"ဟုတ်ကဲ့ ရပါတယ်"