9(UC)
699 57 2
ဆရာဝန်မှ တစ်ပတ်လောက်နားနားနေနေ နေရမည်ဟုအမှာပါးလိုက်သည့်အတွက်အိမ်မှာသာအနားယူဖြစ်ခဲ့သည်၊ ထုံဆေးနှင့်ခွဲသည့်အတွက် ခွဲနေတုန်းသိပ်မနာကျင်ရပေမဲ့ ထုံဆေးပျယ်သည့်အခါ အနာကတစ်ဆစ်ဆစ်ဖြင့်သာ၊ ထို့အပြင် ရာသီဥတုက ဆောင်းတွင်းပိုင်းဖြစ်သည့်အတွက် ရန်ကုန်ဆောင်းကသိပ်မအေးသော်လဲ ညအချိန်အခါရောက်လျှင် နေ့ဘက်ထက်အချမ်းပိုသောကြောင့် ခွဲစိတ်ပြီးရက်များ၌ဆိုညဘက်ရောက်လျှင်အနာမှာပိုနာသယောင်။
အမာစာများမစားရသေးသည့်အတွက် ဆန်ပြုတ်နှင့်သာသူ၏နေ့ညများကိုကုန်ဆုံးလာရသည့်အခါ တဖြေးဖြေးမုန်းလာမိသယောင်၊ သူတို့နေသည့်အိမ်နှင့် ထက်ကောင်းကင်တို့နေသည့်အိမ်က မြို့နယ်တစ်မြို့သာခြားသောကြောင့် ကျောင်းဆင်းလျှင် လဲ့ယဉ်က ပန်းသွေးအိမ်သို့်ဝင်လာကြည့်တက်သည်၊ ထို့ပြင် ကိုသာထက်သည်လဲ အားတဲ့အချိန် ပန်းသွေးအခြေအနေကိုလာကြည့်ပေးတက်သေးသည်၊ မမလဲ့ယဉ်ပြောမှသိရပေမဲ့ အခုတလောဒီအိမ်ကိုအလာချင်ဆုံးဖြစ်နေသူက ကိုကိုပါတဲ့။
"ဘာတွေတွေးနေတာလဲ ပျင်းနေပြီလားတစ်ယောက်ထဲဆိုတော့"
"အင်းပေါ့လို့ နေဝန်းရဲ့ အလုပ်လဲမလုပ်ရဘူး ဒီချိန်လုံး လှဲနေလိုက် လမ်းလေးနည်းနည်းလျောက်လိုက်နဲ့ အိမ်ထဲမှာပဲနေရတာကို"
နှုတ်ခမ်းပါးပါးလေးကဆူပြီးပြောနေသည့်အခါ ပန်းသွေးခြယ်က ချစ်စရာ၊ ဒါကိုသူ့မယ်အသည်းတယားယားဖြင့်၊ ပန်းသွေးကိုနေဝန်းမှပြုံးပြီးကြည့်နေမိသည်ကိုပန်းသွေးသိတော့မျက်နှာပါးပြင်ကပန်းနုရောင်သန်းချေပြန်သည်။
"မနတ်ဖြန်ချုပ်ရိုးဖြည်ရတော့မှာပဲ ဒါဆိုနောက်နေ့အနာကျက်တာနဲ့ အလုပ်လုပ်လို့ရပြီပဲကို တလက်စထဲအရင်က တောက်လျောက်အလုပ်လုပ်နေရတာ အခု အားလပ်ရက်ယူတယ်လို့သဘောထားလိုက်"
ပန်းသွေးအနားတစ်ချိန်လုံးရှိနေသည့်နေဝန်းက တစ်ခါတစ်ရံသူ၏အကြောင်းများကိုပြောပြတက်သည်၊ သူမှတ်မိလောက်သည့်မှတ်ဉာဏ်များဟုပြောပြောတက်သေးသည်၊ ဤသို့ နေဝန်းပြောပြတက်သော ငယ်စဉ်ကအကြောင်းများက ပန်းသွေးကိုမပျင်းရအောင်ဟာသနှော၍လဲပြောတက်သေးသည်၊ ထိုသို့ပြောရင်း နေဝန်းရယ်လိုက်သည့်အခါ မှိတ်သွားတက်သောမျက်ဝန်းများကိုသူမသဘောကျသည်၊ နေဝန်းနှင့်အနီးကပ်ရှိနေရသည့် အချိန် တစ်စက္ကန့်ချင်းစီးတိုင်းမှာလဲစိတ်ကြည်နူးဖွယ်ရာ။