2(UC)
1.4K 86 0
- 2018 ခုနှစ် ဇန်နဝါရီလ၌ ဟိုတယ်လုပ်ငန်းစုများအကြား၌ နာမည်ကြီးနေသည်ကား Life Line Hotel & Tourism Com.Ltd ၏ သတင်းအကြောင်းအရာပင် တစ်နိုင်ငံလုံးကို ဖြန့်ကျပ်ပြီး လုပ်ငန်းချဲ့ထွင်နေကာ Life Line အမည်နှင့် ဟိုတယ် များစွာအပြင် အဓိကစားသောက်ဆိုင်၂ဆိုင်၏အုပ်ချုပ်မှုလုပ်ငန်းများကို ပိုင်ဆိုင်သည့် အဓိကပိုင်ရှင် ဦးဇေယျာလင်းမှာမူ ရုတ်တရပ် နှလုံးအမောဖောက်ကာ သေဆုံးသွားသဖြင့် သူ၏ပိုင်ဆိုင်မှုနှင့် ငွေကြေးများသတင်းက ဟိုးလေးတကျော်ကျော်ဖြစ်နေလေသည်။
သူ၏ တစ်ဦးတည်းသောသမီးဖြစ်သူမှာမူ ထိုသတင်းကြားကြားချင်း သူမရောက်နေသည့် ဆွီဇလန်မှ ချက်ချင်းပင်ပြန်ချလာပြီး အဖေဖြစ်သူ၏ နာရေးကို သူမကိုယ်တိုင် အကိုဖြစ်သူနှင့် အတူလုပ်ကိုင်ဆောင်ရွက်ရှာသည်။ ထိုထဲမှာမှ ဦးဇေယျားလင်း ဆုံးပါးသွားမှုကို ဝမ်းနည်းသူများစွာထဲမှ ကိုယ်နှင့်မဆိုင်သလိုနေကာ ဦးဇေယျာလင်း၏ ပိုင်ဆိုင်မှုများအား မျက်စာင်းထိုးနေသူမှာ ဦးကျော်ဇေ ဖြစ်သည် ပတ်သက်မှုအရ ညီဖြစ်ပါသော်လဲ ဦးဇေယျာလင်း၏ သေဆုံးမှုကို ဝမ်းနည်းမှုမဖြစ်ချေ။
နာရေးပြီးသွားကာမှ ဦးဇေယျာလင်း၏ သေတမ်းစာကိုဖတ်လေတော့ သမီးဖြစ်သူထံသာ လုပ်ပိုင်ခွင့် အာဏာများအကုန်လွဲအပ်ထားခဲ့ပြီး မွေးစားသားဖြစ်သူထံတော့ ငွေကြေးအချို့သာပေးအပ်ခဲ့လေသည် ဒါ့အပြင် မန္တလေးမှ ဟိုတယ်တစ်လုံးအား ညီဖြစ်သူထံသို့ပေးအပ်ခဲ့သော်လဲ လုပ်ပိုင်ခွင့်က သမီးဖြစ်သူလက်ထဲ၌သာ။
"ဒီကိစ္စကို ဦးဇေယျာလင်းက သူမဆုံးပါးခင် ပြုလုပ်ခဲ့တဲ့အကြောင်းအရာများဖြစ်ပါတယ် ဒါကို သမီး ပန်းသွေးခြယ် ဘက်က ဘာများပြောချင်တာရှိပါသေးသလဲ"
"သမီး ဘက်ကတော့ ဘားမှပြောစရာမရှိပါဘူး တစ်ချို့သူတွေကိုသာမေးလိုက်ပါ ဖေဖေဒီလိုလုပ်တာကို လက်ခံကျပါရဲ့လားလို့"
ခနဲ့သည့်လေသံဖြင့်ပြောလိုက်သည်ကို သူတို့စကားဝိုင်းတွင် နားထောင်နေသူအားလုံးသိပါသည် ယခုဆိုလျှင် ပန်းသွေးခြယ်က သူမအဖေ၏နေရာကိုဆက်ခံလိုက်ပြီး မွေးစားအကိုကတော့ ဒုဥက္ကဋ္ဌရာထူးဖြင့်သာ ဆက်လက်တာဝန်ယူရမည်ဖြစ်သည် ထို့ပြင် ဦးလေးဖြစ်သူကတော့ အမည်ခံသူေဋ္ဌးရာထူးဖြင့်သာ မန္တလေးမှ ဟိုတယ်ကိုဦးဆောင်ရပေမည်။