7(UC)
696 55 6
'သတိရတယ်'
ထိုစကားလုံးသည်သူ့အတွက်အလွန်ဆန်းသစ်သည်ဟုသူမထင်မိသည်၊ သူ့အတွက်တစ်ဦးတည်းသောသူနှင့်တစ်မြေတစ်ရေခြားနေသည့် ဖခင်ကိုမဟုတ်ပါပဲ တစ်ခြားတစ်စုံတစ်ဦးအတွက် သီးသန့်သုံးမိသည်က ထိုစကားလုံး၊ ထိုစကားလုံးဦးတည်ရာက ဘာလို့ ပန်းသွေးခြယ် ဖြစ်နေရသနည်း၊ တွေ့ပြီးတာတောင်ထပ်ထပ်တွေ့ချင်နေတော့ခတ်နေပြီ၊ မျက်စိရှေ့မှာမြင်မနေရရင် လိုက်ရှာမိနေတက်ပြီ၊ သူ့နာမည်အစွန်အဖျားလေးကြားရင်ကို အသိစိတ်ကကောမသိစိတ်ကပါ တုံပြန်တက်နေမိသည်။
တကယ်ဆို ပန်းသွေးခြယ်က သူ့အတွက် ဘာဖြစ်တည်မှုမှမဟုတ်ပါပဲကို၊ သူတို့နှစ်ယောက်တွေ့ဆုံလာခဲ့သည့်အချိန်က စောင့်ရှောက်ပေးသူနှင့်အစောင့်ရှောက်ခံရသူကြားကဆက်နွယ်မှုတစ်ခုသာ၊ အချိန် သုံးလတောင်မရှိသေးတဲ့ကာလတစ်ခုမှာ သတိရတယ် ဆိုတဲ့စကားလုံးနဲ့ကိုက်ညီလောက်တဲ့ဆက်နွယ်မှုကြီးကြီးမားမားမရှိခဲ့တာတောင်။
အိပ်ယာထက်မှာ မျက်စိရှေ့က မျက်နှာချက်ကိုကြည့်ရင်း သူ၏ လက်ဖဝါးကိုပြန်ကြည့်တော့ ပန်းသွေးခြယ် ဆုတ်ကိုင်ထားသည့်သူ၏လက်ဖဝါးတစ်ဖတ်၊ ထိုအကြောင်းပြန်တွေးရင် ကြက်သီးများပြန်ထလာပြီး သူ့ကိုကြည်နူးစေသကဲ့သို့၊ ညတာကသူ့အတွက်အနည်းငယ်ပိုရှည်နေသယောင်။
×
ဒီနေ့ထမင်းစားပွဲဝိုင်းမှာ ကောင်းကင်နှင့်ပန်းသွေး အတူတူထမင်းစားဖြစ်ခဲ့သည်၊ ထိုသို့အခြေအနေဖြစ်အောင်လဲ ကောင်းကင်ကတမင် ပန်းသွေးအလုပ်ကပြန်လာမဲ့အချိန်ကိုစောင့်နေကာ အတူထမင်းစားရန်စပြောခဲ့ခြင်းပင်၊ ထူးတော့ထူးဆန်းသည်မဟုတ်လား၊ သူမတို့နှစ်ယောက်၏ ထမင်းစားပွဲဝိုင်းမှာအတူတူထိုင်သည့်အချိန်က သူတို့ဖခင်ဆုံးပြီးချိန်ကနေဆို အခုတစ်ကြိမ်က ပထမဆုံးဆိုတာ။
"ဖေဖေ့ကျန်းမာရေးကြောင့်နောက်ဆုတ်ထားတဲ့ စေ့စပ်ပွဲကို လာမဲ့အပတ်ထဲပြန်လုပ်ဖို့ငါစဉ်းစားထားတယ် အဲ့တာ နင်လဲသိသင့်တယ်ထင်လို့ နောက်ပြီး လက်ထပ်ဖို့ကိုလဲ Hotel မှာခန်းမ အားတဲ့နေ့ ကြိုရက်ချိန်းယူဖို့ငါစီစဉ်ထားတယ် အသိပေးသင့်တယ်ထင်လို့"
"ကိုကို ကြိုသလိုစီစဉ်ပါ ဖေဖေကလဲသူမဆုံးခင် ကိုကိုနဲ့မမ မင်္ဂလာပွဲအတွက်တာဝန်ယူပေးဖို့ကိုသူလဲစဉ်းစားခဲ့တာပဲ"