12(UC)
707 56 0
ထူးထူးခြားခြား ထက်ကောင်းကင် သည် သူ့အား ဖုန်းဆက်၍ သူနှင့်ခဏလောက်တွေ့ချင်သည်ဟုဆိုလာသောကြောင့် သူချိန်းသောနေရာသို့သွားခဲ့လေသည်။
"Sorry နော် ပန်းသွေးကို သူ့လုပ်ငန်းပါတနာအစည်းအဝေးဆိုလား လိုက်ပို့ပေးနေရလို့"
"ရပါတယ် ကိုယ်လဲခုနကမှရောက်တာ"
"ဘာကိစ္စရှိလို့လဲမသိဘူး ကျွန်မကိုဒီလာခိုင်းရတာ"
ဤသို့စကားစလာသည့်အခါမှ ထက်ကောင်းကင်သည်သူသိချင်နေသည့်အကြောင်းအရင်းများကိုပြောလေသည်။
"ကိုယ်တို့ဦးလေး ဦးကျော်ဇေနဲ့ ပုဂ္ဂိုလ်ချင်းရင်းနီးလားဆိုတာကိုယ်သိချင်တယ် နောက်ပြီး ဘာလို့ ပန်းသွေးအနားကိုချင်းကပ်ရတာလဲဆိုတာအပါအဝင်ပဲ"
ဒဲ့တိုးပြောလာသည့်အကြောင်းအရာများသည် သူမအားမလုံမလဲစိတ်ဖြစ်စေသည်၊ သို့သော်လဲ သူ၏အကြည့်များအား မလွှဲခြင်းအားဖြင့်သူ့ကိုယ်သူဟန်ကို့ရမည်။
သူ့အားစူးရှသောမျက်ဝန်းများဖြင့် အကဲခတ်နေပါသော ထက်ကောင်းကင်၏ အကြည့်များအောက်၌ စိုးရိမ်စိတ်တော့ရှိတာအမှန်၊ ဒီအခြေအနေများအားလုံး၏အစမှာသူဟာဟန်တောင်ထားသည့်လူဖြစ်သောကြောင့်ဖြစ်သည်။
"လက်ရှိမျာ ကျွန်အအကြောင်းရှင်ဘာတွေကြားထားလဲဆိုတာ ဘယ်ဟာအမှန်ဘယ်ဟာအမှားဆိုတာမျိုးကျွန်မဘက်ကပြန်မဖြေရှင်းနိုင်တာကိုနားလည်ပေးပါ ကျွန်မဘက်က အခုချိန်မှာပြောနိုင်တာ ပန်းသွေးကိုထိခိုက်အောင်မလုပ်ခဲ့ဘူးဆိုတာရယ် ရှင်တို့မိသားစုဝင်တစ်ဦးတစ်ယောက်ကိုမှ ကျွန်မဘက်ကဘာတစ်ခုမှအခတ်အခဲဖြစ်အောင်မလုပ်ခဲ့ဘူးဆိုတာတော့ကျွန်မဘက်ကပြောပြချင်တယ်"
"မင်းမှာဘယ်လိုအကြောင်းအရင်းတွေရှိလဲဆိုတာကိုယ်မသိချင်ပါဘူး ဒါပေမဲ့ ကိုယ့်မိသားစုထိခိုက်မဲ့ကိစ္စကိုမလုပ်မိစေဖို့မျော်လင့်ပါတယ် ကိုယ်စောင့်ကြည့်နေတယ်ဆိုတာမမေ့ပါနဲ့ နောက်တစ်ခုက ပန်းသွေးကို ဒီအခြေအနေတွေကိုအမှန်တိုင်းပြောဖို့မျော်လင့်ပါတယ် မင်းနဲ့ပန်းသွေးရဲ့ခင်မင်မှုအတိုင်းအတာကိုမပျက်စေချင်တဲ့ဆန္ဒရှိတယ်ဆိုရင် မင်းကိုယ်တိုင်ပြောတာပိုသင့်တော်မယ်ဆိုတာနားလည်စေချင်တယ် ဘေးလူပြောတာထပ် ကာရကံရှင်ကိုယ်တိုင်ပြောတာပိုပြီးလက်သစ်ခံနိုင်မယ်ဆိုသိမှာပါ ကိုယ်ပြောချင်တဲ့စကားတွေအားလုံးကတော့ဒါပါပဲ ကျန်တာမင်းဘက်ကဘာဆက်လုပ်သင့်လဲဆိုတာသိမှာပေါ့"